Pelukis Hantu (Ghost Painter ) 2020
=========================
Stay Homeကာလမှာ စိတ်အပန်းပြေအောင် စီအမ်က
၂၀၂၀ထွက် အင်ဒိုနီးရှား သရဲဟာသကားလေးနဲ့ ဖျော်ဖြေပေးပါရစေ.
IMDB 7.8တောင် ရထားတာကြောင့် Horror/ Comedy ဇာတ်လမ်းကောင်းတပုဒ်ဆိုတာ
ပြောပြနေဖို့ လိုမယ်မထင်ပါဘူး. ဇာတ်လမ်းအကျဉ်းကတော့
တူတူဆိုတဲ့ ပန်းချီဆရာလေးက ပန်းချီကားမရောင်းရလို့
ညစ်နေတုန်း တီဗီရှိုးတစ်ခုမှာ လုပ်တဲ့ သူ့ဘော်ဒါက
အလုပ်အကြောင်း ဖုန်းဆက်ရာကနေ စရမှာပဲ.
တီဗီရှိုးက သရဲတွေကို နတ်ဆရာက ပင့်ခေါ်ပြီး
အင်တာဗျူးတာကို တင်ဆက်ပေးတဲ့
ပရလောကအကြောင်း ရှိုးလေးပေါ့ဗျာ.
တီဗီရှိုးမှာ သူလုပ်ပေးရမယ့် အလုပ်ကတော့
နတ်ဆရာက သရဲခေါ်တဲ့အခါ သူက မျက်လုံးကို
အဝတ်နဲ့စည်းပြီး သရဲပုံကို ဆွဲပြရတာပါပဲ. အရင်က
fake showဖြစ်တဲ့ အဲ့ဒီတီဗီရှိုးဟာ သူနဲ့တွေ့မှပဲ
reality showဖြစ်သွားပါတယ်. ဘာလို့လဲဆိုတော့
သူတကယ်ပဲ မီးနေသည်သရဲကိုမြင်လိုက်ရလို့ပါ. သူ့ကြောင့်
ရှိုးပွဲက နာမည်ကြီးသွားချိန်မှာတော့ ပရိုဂျူဆာက မီးနေသည်သရဲမပဲ
မြင်နေရင် ပရိတ်သတ်ရိုးအီမှာဆိုးလို့ တခြားသရဲတွေပါ
မြင်ရအောင် လုပ်ဖို့ တိုက်တွန်းတာကြောင့် နည်းလမ်းရှာဖွေရင်း
အလွဲတွေ ဖြစ်လာတာကို အတော်လေးရယ်ရအောင် ရိုက်ပြထားတဲ့
Comedy ဇာတ်ကားလေးဖြစ်တဲ့အပြင် ဇာတ်အိမ်တည်ဆောက်ပုံလဲ
ကောင်းတာကြောင့် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ခုဖြစ်ကြောင်း
ညွှန်ရင်း ကြည့်ဖို့ တိုက်တွန်းပါရစေ.
ကြည့်ရှုလိုပါက နှိပ်ပါ