Halahal(2020)

Genre: Crime, Mystery, Thriller
Downloads 16343K Views

flower

Halahal(2020)

(Crime, Mystery, Thriller)

IMDb Rating     ………     7.5/10

ဆေးကျောင်းသူလေးတစ်ဉီးဟာ ကျောင်းတက်နေဆဲကာလမှာပဲ ဆုံးပါးသွားတယ်….

သူဆုံးတဲ့အကြောင်းအရင်းကို ရဲတွေအာဏာပိုင်တွေက ဖော်ထုတ်ပြီးနောက်

 

ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုဆိုပြီး အဖြေထုတ်လိုက်တယ်….

အချစ်ရဆုံးသမီးလေးဆုံးပါးသွားတော့ ကျန်ရစ်သူမိသားစုဟာအရူးမီးဝိုင်းသလိုပါပဲ…

ဖခင်ဖြစ်တဲ့သူဟာ သူ့သမီးလေး ကိုယ့်ကိုကိုယ်သတ်သေလောက်အောင် စိတ်ဖိစီးစရာအကြောင်း

လုံးဝမရှိဘူးလို့ယူဆနေတယ်…ဒါ့ကြောင့် သူနည်းသူ့ဟန်နဲ့ စုံစမ်းဖို့ကြိုးစားပါတော့တယ်….

တကယ်ပဲသမီးဖြစ်သူဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံတာလား….

အသတ်ခံရပြီး ရဲတွေ အာဏာပိုင်တွေဝိုင်းဖုံးဖိထားရလောက်အောင် တခြား ကြီးမားတဲ့

မသမာမှုတွေရှိနေမလား…

ဘယ်လိုအကြောင်းအရာတွေဖြစ်မလဲ…စုံစမ်းနေစဉ်မှာရော ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ…

.ဒီဇာတ်လမ်းကတော့ဖခင်ဖြစ်သူဟာ

မိတ်ဆွေ/ရန်သူ ခွဲခြားလို့မရတဲ့ အခြေအနေမှ စပြီး…. ပဟေဠိတစ်ခုကို တဖြည်းဖြည်းချင်း

အဖြေရှာနေတဲ့ အပူသည်ဖခင်တစ်ယောက်ကို ဇာတ်အိမ်တည်ထားပြီး..

ကိုယ်တိုင်ပါဝင်အဖြေထုတ်နေရတဲ့ ဇတ်လမ်းကောင်းမို့ မှုခင်းအိန္ဒိယကားတွေကြိုက်တဲ့သူတွေအဖို့

လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ….

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။