Genre: | Comedy, Romance |
---|---|
Downloads | 9031K Views |
Happiest Season (2020)
========================
ခရစ်စမတ်ဆိုတာ အတူဖြတ်သန်းဖို့မိသားစုရှိနေတဲ့လူတွေအတွက် တစ်နှစ်တာမှာ ပျော်ရွှင်စရာအကောင်းဆုံးအချိန်ဖြစ်ပေမယ့် တစ်ကိုယ်တည်း အထီးကျန်ရသူတွေအတွက်တော့ တစ်နှစ်လုံးမှာ အထီးကျန်အဆန်ဆုံးအချိန်ဖြစ်မှာပါ ။ အဘ်ဘီလို မိဘတွေဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ လူတစ်ယောက်အတွက် ခရစ်စမတ်က အလွမ်းအဆွေးတွေနဲ့သာ အေးစက်နေခဲ့ရတာပါ။
ဒီတစ်ခါခရစ်စမတ်မှာတော့ သူမရဲ့lesbian ချစ်သူဖြစ်တဲ့ ဟာပါက သူမကိုသူ့အိမ်ကိုလိုက်ခဲ့ပြီး ခရစ်စမတ်ပွဲကိူအတူဆင်နွှဲဖို့ဖိတ်ခေါ်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ အဘ်ဘီတစ်ယောက် ဟာပါကို surprise တိုက်ရင်း လက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်လာတာကရော အထမြောက်ပါ့မလား။ သမားရိုးကျလက်ခံထားတဲ့ ဆက်ဆံရေးမျိုးမဟုတ်တဲ့သူတို့ရဲ့ချစ်ခြင်းကို ဟာပါရဲ့မိဘတွေကရော လက်ခံပါ့မလား။
အဘ်ဘီတစ်ယောက် အရာအားလုံးကို စိတ်ဓာတ်ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပေမယ့် ဟာပါရဲ့မိဘအသိုင်းအဝိုင်းက သူ့ကိုမိဘမဲ့လိုဆက်ဆံကြတဲ့အခါ သူဘယ်လိုခံစားရမလဲ။ အဘ်ဘီတစ်ယောက် ဟာပါဖြစ်စေချင်သလို ခရစ်စမတ်မှာ မိသားစုအငွေ့အသက်ကိုခံစားနိုင်မှာလား ပြဿနာမျိုးစုံကြိုးခုန်ပြီး ကွေကွင်းသွားရမလားဆိုတာကို Happiest season ဆိုတဲ့ဇာတ်ကားမှာ ကြည့်ရှုခံစားရင်း ပဟေဠိကို အဖြေညှိလိုက်ကြပါစို့