Heks (2020)
===========
IMDb Rating – 7.7/10
#Unicode
2020 ခုနစ်ထွက် Horror အမျိုးအစားဖြစ်ပါတယ်…
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိန်းက ပန်းချီပညာကို စွန့်လွှတ်ပြီး ဘားတစ်ခုမှာ အလုပ်လုပ်နေတာပါ။
ဒီလိန်းရဲ့အမေဖြစ်သူ ကယ်လီကတော့ အမြဲတမ်း ပျော်ရွှင်တက်ကြွနေတတ်ပြီး အစအနောက်လည်း
သန်တဲ့သူပါ… ကယ်လီက တောင်အာဖရိကမှာ ကြီးပြင်းလာတာကြောင့် အဲဒီမှာပဲအခြေချချင်တယ်လို့
ဒီလိန်းကိုပြောလာပါတယ်… သားအမိနှစ်ယောက် video call နဲ့ စကားပြောနေချိန်မှာပဲ ကယ်လီကို လူတစ်
ယောက်က လာသတ်သွားပါတယ်။ ဒီလိန်းလည်း တောင်အာဖရိကကို လိုက်သွားချိန်မှာ ကယ်လီရဲ့အမြွှာညီမ
လီဆာနဲ့ပြန်ဆုံပြီး သူ့အမေရဲ့ လျှို့ဝှက်ချက်တွေနဲ့ လူသတ်သမားက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ကြိုးစား
ပါတော့တယ်။ ဒီကားလေးဟာ ၁၄ ဒီဇင်ဘာက ထွက်ရှိထားပြီး . Horror ကောင်းကောင်း မျှော်နေသူတွေအတွက်တော့
Rating အမြင့်နဲ့ ကြည့်လို့ကောင်းမယ့် ကားလေးဖြစ်သလို . တစ်ချို့အခန်းတွေမှာ မထင်မှတ်တဲ့နေရာတွေကနေ
ခြောက်လှန့်ပြတာတွေက Horror Movie တစ်ကားကို ပိုပိုပြီး ပံ့ပိုးပေးထားတာတွေ့မြင်နိုင်ပါတယ် . . .
အဓိကကတော့ ပိုစတာထဲမှာပါတဲ့ မျက်နှာဖုံးပါပဲ . . .
ကြည့်ရှုလိုပါက နှိပ်ပါ