High & Low: The Worst (2019)

Genre: Action
Download 13872

High & Low: The Worst (2019)
=================================
 ဒီတစ်ခါမှာတော့ ပရိသတ်တစ်ယောက် တောင်းဆိုထားတဲ့ ဂျပန်ကားလေးတစ်ကားပါ။ ဇာတ်ကားနာမည်ကတော့ High&Low The Worst ပါ။

ဒီကားလေးကတော့ ထူးခြားတယ်ဗျ။ သူတို့ဘာသာကမ္ဘာတစ်ခုတည်ထားသလိုဖြစ်နေတာ။ ကမ္ဘာတစ်ခုလို့ ပြောလိုက်လို့ Marvel တို့ DC တို့လို နာမည်တွေနဲ့ ကမ္ဘာမဟုတ်ဘူး။ High&Low လို့ခေါ်တဲ့ ကမ္ဘာတစ်ခုပေါ့။ သူက ရုပ်ရှင်လို့ပဲ ကွက်ပြီးပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ High&Low ဆိုတဲ့ ခေါင်းစဥ်အောက်မှာ Tv Series ရုပ်ရှင်နဲ့ တခြား မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ သီချင်းတွေ Live Show တွေအပြင် Mobile Game စာအုပ် မန်ဂါနဲ့ Anime တွေပါပါဝင်နေပါတယ်။

High&Low ဆိုတဲ့ ကမ္ဘာမှာတော့ Exile Tribe လို့ခေါ်တဲ့ LDH ကုမ္ပဏီအောက်က Exile, Exile The Second, Sandaime J Soul Brothers, Generations, The Rampage, Fantastics, Ballistik Boyz နဲ့ Gekidan Exile တို့ပဲ ဖြစ်ပါတယ်။ Exile Tribe ကိုတော့ 2012 ကနေ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယနေ့ထိ တည်ရှိနေတာပဲဖြစ်ပါတယ်။ Exile Tribe မှာတော့ သီချင်းတွေနဲ့ အကတွေပါဝင်မှာဖြစ်ပါတယ်။

Exile Tribe အကြောင်းကို ပြောပြီးပြီဆိုတော့ အခု High&Low ဘက်လေးကို တစ်ချက်ပြန်သွားမယ်။ High&Low ကိုတော့ 2015 မှာ ထွက်ရှိခဲ့တဲ့ High&Low: The Story of S.W.O.R.D. Tv Series နဲ့ စတင်ခဲ့တာဖြစ်ပြီး Season အနေနဲ့ကတော့ နှစ်ခုရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Tv Series တွေ အနေနဲ့ထွက်ရှိခဲ့တာဆိုရင် High&Low The DTC, The Worst Episode.O, High&Low The Best Bout တို့ပဲဖြစ်ပါတယ်။

ရုပ်ရှင်ပိုင်းအကြောင်းပြောရရင်တော့ 2015 မှာ ထွက်ရှိခဲ့တဲ့ အရှိန်နဲ့ 2016 မှာ Road to High&Low နဲ့ High&Low The Movie ဆိုပြီး ဖြစ်လာတာပါ။ အဲ့ဒီနောက်မှာတော့ High&Low The Movie 2 နဲ့ 3 ဆိုပြီး 2017 မှာထွက်ရှိခဲ့ပါတယ်။ Spin off တွေအနေနဲ့ဆိုရင်တော့ High&Low The Red Rain, DTC -Yukemuri Junjou Hen- from High&Low နဲ့ ယခု GC ကနေတင်ဆက်ပေးလိုက်တဲ့ High&Low The Worst တို့ပဲဖြစ်ပါတယ်။

Spin off ဆိုပြီး သွားရှုပ်လို့မရဘူး။ Rating က IMDb မှာ 8.2 တောင်ရှိတယ်ဗျာ။ သရုပ်ဆောင်တွေအနေနဲ့ဆိုရင်တော့ ဂျပန်ကားဖြစ်တဲ့အတွက် ဂျပန်ကားတွေ တော်တော်များများမှာ သရုပ်ဆောင်ဖူးတဲ့ သရုပ်ဆောင်တွေရော High&Low ရုပ်ရှင်တွေမှာပဲ သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေပါရောနေပါတယ်။ အဲ့ဒီထဲမှာတော့ Kamen Rider fan တွေနဲ့ ရင်းနှီးနေမဲ့ Kamen Rider Zi-O မှာ Kamen Rider Aqua နေရာက သရုပ်ဆောင်တဲ့ Atsushi Arai လဲ ပါဝင်မှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းကတော့ Demon High School ကို Parttime နဲ့ Fulltime ဆိုပြီးနှစ်ပိုင်း ပိုင်းလိုက်ပါတယ်။Yoshiki Murayama ကတော့ Demon High School ရဲ့ ကျောင်းအုပ်ဖြစ်ပြီးတော့ Kaede Hanaoka ကတော့ fulltime ကမ္ဘာကို အပိုင်သိမ်းဖို့ ရည်ရွယ်ချက်ရှိနေတဲ့သူပါ။ ဘာလို့ အဲ့လိုရည်ရွယ်ချက်ရှိရတာလဲဆိုတော့ တစ်နေ့ကျရင် Murayama ကို စိန်ခေါ်ဖို့အတွက်ပါ။

ဂျပန်ကားတွေဆိုရင် လူတွေကအနုအယွလောက်လို့ပဲထင်တတ်ကြတယ်။ ထင်ရင်လဲထင်စရာပဲလေ အဲ့လိုကားတွေက အရမ်းမှိုလိုပေါက်နေတာကိုး။ အားလုံးသိတဲ့အတိုင်းပဲ ဂျပန်ဆိုတာ Street Fashion ကို အရမ်းအလေးထားတဲ့နိုင်ငံ။ ဂိုဏ်းဘာညာဆိုတာကလဲ ပေါမှပေါ။ တချိန်ကလဲ အားလုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဆာမူရိုင်းတွေဆိုကလဲ ဒုနဲ့ဒေး။ အဲ့လိုဆိုတော့ ဒီ High&Low ဆိုတဲ့ ကမ္ဘာထဲက ဂိုဏ်းတွေကြားက အားပြိုင်မှုဆိုတာက ကြည့်မကောင်းစရာအကြောင်းကိုမရှိတာပါ။

အခုတော့ ပရိသတ်တစ်ယောက်တောင်းဆိုထားမှုကြောင့် မလုပ်တာကြာပြီဖြစ်တဲ့ ဂျပန်ဘက်ကိုသွားလိုက်ပြီးတော့ ဒီကားလေးကို သဘောကျလို့ ကျန်တဲ့ ရုပ်ရှင်လေးတွေကိုပါ ကြည့်ဖို့ ဆန္ဒရှိရင်တော့ အောက်က Comment box မှာ ရေးသွားပေးကြပါဦး။ ကြည့်ချင်တာလေးတွေရှိရင်လဲ ရေးသွားပေးလို့ရပါတယ်။ ကျွန်တော်တို့ အလျဥ်းသင့်ရင် သင့်သလို တင်ဆက်ပေးသွားပါ့မယ်။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။