His Last Gift (2008)

Genre: Drama
Downloads 4014K Views

His Last Gift (2008)

မိဘမေတ္တာကိုဖော်ကျူးပြသထားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်

မျက်ရည်ခိုင်ခိုင်ထားပြီးကြည့်ဖို့တော့လိုပါလိမ့်မယ်

ဆယ်ဟီးဆိုတဲ့ကလေးမလေးမှာ သွေးအတွင်းကြေးနီဓာတ်များပြားတဲ့ရောဂါဝေဒနာကိုခံစားနေရပြီး

 

အဲ့ဒီရောဂါကြောင့်ပဲ ကလေးမလေးဟာ အသည်းအစားထိုးဖို့အမြန်လိုအပ်နေပါတယ်

ဖြစ်ချင်တော့ သူမအဖေရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ထယ်ဂျူဆိုတဲ့လူဟာ ဆယ်ဟီးနဲ့ဒီအန်အေတူနေခဲ့ပါတယ်
သူကလည်း အသည်းအစားထိုးပေးဖို့အတွက်သဘောတူခဲ့ပါတယ်

ဒါပေမယ့် သူသဘောတူခဲ့တာဟာ စေတနာပါလို့တော့မဟုတ်ခဲ့ပါဘူး
ထယ်ဂျူဟာလူသတ်မှုကြောင့်ထောင်ကျနေတဲ့သူပါ
ကလေးမလေးရဲ့အဖေဟာရဲတစ်ယောက်ဖြစ်နေတဲ့အတွက် နားလည်မှုယူပြီး ထယ်ဂျူကိုထောင်ကနေ ယာယီလွှတ်ပေးဖို့တောင်းဆိုခဲ့ခြင်းကြောင့်ဖြစ်ပါတယ်

အဲ့ဒီနောက်မှာတော့ ဝမ်းနည်းစရာကောင်းတဲ့ မြုပ်ကွက်လေးတစ်ခုရှိနေခဲ့ပါတယ်

အဲ့ဒီမြုပ်ကွက်ကဘာလဲ လူဆိုးကြီးထယ်ဂျူကရော ဘာလို့လွယ်လွယ်နဲ့သဘောတူခဲ့တာလဲ

ကလေးမလေးကရော အသက်ရှင်နိုင်ပါ့မလား

ဒါတွေကိုသိချင်ရင်တော့အပေါ်မှာပြောခဲ့သလိုပဲ မျက်ရည်ခိုင်ခိုင်ထားပြီး ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ် ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။