Genre: | Comedy |
---|---|
Downloads | 14892K Views |
How to Build a Girl (2019)
====================
IMDb Rating – 6.0/10
#Unicode
ဒီနေ့အတွက် Rating 6.0/10 ရရှိထားတဲ့ Comedy ကားလေးကိုတင်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ကိုအခြေခံထားတာပါတဲ့။
လူကြီးလည်းမကျ ကလေးလည်းမကတဲ့ အသက် ၁၆နှစ်အရွယ်မှာ လမ်းမှားရောက်ခဲ့တဲ့
ကောင်မလေးတစ်ယောက်က လမ်းမှားရောက်နေတယ်ဆိုတာကိုသိပြီး ဘယ်လိုမျိုး ကိုယ့်
ကိုယ်ကိုပြန်တည်ဆောက်မှာလဲ။ ဂျိုဟာနာလို့ခေါ်တဲ့ အသက် ၁၆နှစ်အရွယ်ကောင်မလေးရဲ့
အိပ်မက်က စာရေးဆရာမတစ်ယောက်ဖြစ်ချင်တာပါ။ စာကြည့်တိုက်မှာပဲအချိန်ကုန်လေ့ရှိပြီး
ကောင်လေးတွေရဲ့နောက်ပြောင်ခြင်းခံရတဲ့ ပုံတုံးတုံးမိန်းကလေးတစ်ယောက်က တစ်နေ့မှာ
ဂီတဝေဖန်ရေးသတင်းစာမှာ အလုပ်ရခဲ့ပါတယ်။ အဲဒီ့နယ်ပယ်မှာကျင်လည်ရင်း အပေါင်း
အသင်းမှားပြီး လမ်းမှားရောက်သွားတဲ့ ဂျိုဟာနာဟာ ဘယ်လိုမျိုးကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ပြီး
ပြန်တည်ဆောက်မှာလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှုရမှာပါ။