ပဟေဠိလေးတွေနဲ့ crime drama တစ်ခုလောက် ကြည့်ရအောင်။
အက်ဒီ နဲ့ ဂျင်းတို့က ကလေးမရနိုင်တဲ့ စုံတွဲ တစ်တွဲပေါ့။
တစ်ရက်မှာ ကလေးတစ်ယောက်ကို အက်ဒီက ခေါ်လာခဲ့တယ်။
မကြာခင်မှာပဲ အက်ဒီ အိမ်ပြန်မလာနိုင်တော့ဘဲ
ဂျင်း နဲ့ ကလေးလေးတို့ ထွက်ပြေးရမယ့်အကြောင်းတွေ ပေါ်လာပါတော့တယ်။
သူတို့ ဘာလို့ထွက်ပြေးရတာလဲ။
အက်ဒီက ဘယ်မှာလဲ။
မိခင်စိတ်ရဲ့ စွမ်းအား၊ မိတ်ဆွေစစ်ဆိုတာဘာလဲ ဆိုတာကို
၁၉၇၀ အမေရိကန် နိုင်ငံ အခင်းအကျဉ်းနဲ့
ဒုစရိုက်မှုတွေကြားမှာ အဖြေရှာရင်း ကြည့်လိုက်ရအောင်။