It Happened One Night (1934)

Genre: Comedy, Romance
Downloads 4339K Views

It happened one night (1934)
~~~~~~~~~~~~~~~~~~~

Oscar Big 5 ဆု ရရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဆိုရင် တော်တော်များများစိတ်၀င်စားကြမယ် ထင်ပါတယ် 🤓🤓
Golden Age Era မှာ လုံး၀အထင်ကရဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ကြီးဟာ 1934 ခုနှစ်က ထွက်ရှိခဲ့တဲ့ “It happened one night” ပါပဲ

ချစ်စရာမင်းသမီးလေး Claudette Colbert နဲ့ မင်းသားကြီး Clark Gable တို့ပါ၀င်ထားတဲ့ Romance comedy type လေးပါ
ဇာတ်လမ်းဇာတ်အိမ်က တကယ့်ကိုကြည်နူးစရာလေးမလို့ ကြည့်သူတိုင်းပြုံးမိမှာ အသေအချာပါပဲ

Rating တွေကလည်း
IMDB rating : 8.1
Rotten tomatoes : 98% နဲ့
Metacritic : 87%
တောင်ရရှိထားတာပါ

Best Picture Award, Best Actor (leading)Award, Best Actress (leading) award, Best Director award နဲ့ Best Writing, Adaptation Award ဆိုပြီး Oscar ဆုကြီး 5ဆု ရရှိခဲ့တာမလို့ ဒီရုပ်ရှင်မှ rating တွေထောင်မတက်ရင် တခြားမရှိတော့ပါဘူး 🤩🤩

ကဲ ရုပ်ရှင်လေးအကြောင်း သွားကြည့်လိုက်ရအောင် 🥰

မင်းသမီးလေးက Ellie Andrews (Claudette Colbert)တဲ့
ချမ်းသာကြွယ်၀လှတဲ့ Andrews မိသားစုရဲ့ တစ်ဦးတည်းသော ရွှေဘုံမြစံသမီးလေးပေါ့
အရာရာပြီးပြည့်စုံအောင်နေခဲ့ရပေမယ့် ဖခင်ဖြစ်သူ သူဌေးကြီးက အရမ်းအချစ်ကြီးတော့ လိုက်ချုပ်ခြယ်ရာရောက်သွားတယ်လေ

စျေး၀ယ်ထွက်တာကအစ ဘယ်သွားသွား အစောင့်အရှောက် bodyguard နဲ့ ဘယ်ဟာမလုပ်ရဘူး လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ဘောင်တွေနဲ့ ကြီးပြင်းခဲ့ရတယ်

ချုပ်ချယ်ခံရလွန်းတော့ စိတ်အလိုမကျဘဲ spoiled ဖြစ်နေတဲ့ ကောင်မလေးဖြစ်လာတာပေါ့

တစ်နေ့မှာတော့ shopping centre ထဲမှာ bodyguard.တွေဆီက ထွက်ပြေးရင်း King Westley ဆိုသူနဲ့တွေ့ခဲ့လေတယ်

အမှတ်မထင်ဘဲ ထိုသူနဲ့ တစ်ရက်တာလောက် လွတ်လပ်ပျော်ရွှင်ခွင့်ရခဲ့တော့ အချစ်ဆိုပီးခေါင်းစဉ်တပ်မိသွားလေသတဲ့

ဖခင်သူဌေးကြီးကတော့ လူဘော့ကြော့ ငွေမုဆိုး King Westley ဆိုသူနဲ့ ရင်နှစ်သည်းချာ သမီးလေးကို သဘောမတူနိုင်ဘဲ လက်ထပ်ပီးတာတောင် ခွဲဖို့ စီစဉ်တယ်တဲ့လေ

ဘောင်တွေကိုမုန်းနေတဲ့ Ellie လေးကလည်း ချစ်သူနဲ့ပေါင်းဖက်ရဖို့ ထွက်ပြေးပါလေရော

အဲလိုနဲ့ ဇာတ်လမ်းလေးအစပြုခဲ့တာပေါ့~~~~

Ellie လေးက ရွှေမင်းသမီးလေးဆို မင်းသားလေးဆီ လက်လှမ်းအရောက်ပို့ပေးတဲ့ အောင်သွယ်တော်လေးက
Peter Warne (Clark Gable)ဆိုတဲ့ သတင်းရေးသမားလေးပဲ


ဖခင်သူဌေးကြီးရဲ့ Ellie ကို ပြန်ရှာပေးနိုင်ရင် $10000 ပေးမယ်ဆိုတဲ့ ဆုကြေးငွေကိုလည်း စိတ်မ၀င်စား
ရွှေမင်းသမီးလေးကို သိမ်းပိုက်လိုစိတ်လည်း အလျဉ်းမရှိဘဲ ကူညီခဲ့တာပေါ့

“သူမရဲ့ ဇာတ်လမ်းကို ပြောပြ
သူမချစ်သူဆီ မရောက်ရောက်အောင်ပို့ပေးမယ်” ဆိုတဲ့ သဘောတူညီချက်တစ်ခုတည်းနဲ့သာ….

အဲ့လိုနဲ့ ဘ၀ဇာတ်ခုံပေါ်မှာ ကျွမ်းကျင်လှတဲ့ သတင်းသမားလေးနဲ့ လောကကြီးရဲ့ မာယာတွေမပြောနဲ့ သေးငယ်တဲ့ နေ့စဉ်ဆောင်တာတွေကိုတောင် နားမလည်ရှာသေးတဲ့ ရွှေလှောင်အိမ်က လွတ်လာတဲ့ မင်းသမီးလေးတို့ ဘယ်လိုခရီးဆက်ကြမလဲဆိုတာကတော့…..

သူမရဲ့ ချစ်သူဆီ အရောက်သွားနိုင်မှာလား ထိုချစ်သူလို့သတ်မှတ်ထားတဲ့ ခင်ပွန်းလောင်းနဲ့ရော ပေါင်းဖက်ရမှာလား

တစ်ခါမှမတွေ့ဖူးတဲ့ သူစိမ်းသာသာလူတစ်ယောက်ရဲ့ ဂရုစိုက်ပေးမှုတွေ လောကအကြောင်းသင်ပေးမှုတွေကိုပဲ မြတ်နိုးသွားမှာလား
“brat” ဆို သူမကိုခေါ်နေကြ စကားသံလေးတွေ
ဂရုမစိုက်ဟန်ပြရင်း အသေးအဖွဲ့အအစကူညီပေးတဲ့ အပြုအမူတွေလေးကိုပဲ နှလုံးသားထဲမှာ ထား၀ရသိမ်းဆည်းမိသွားမှာလားဆိုတာကတော့………
spoil မိမှာစိုးလို့ မပြောတော့ပါဘူး 🌚🌚

ဇာတ်ကားက Drama အရမ်းမချိုးထားဘဲနဲ့ ပေါ့ပေါ့ပါးပါးလေး romance comedy type ထဲရောက်အောင် သွင်းထားတာ

မင်းသားကြီး Clark Gable ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကြွေချင်စရာကြီး မခံချင်အောင်ပြောရင်း ဂရုစိုက်သွားတာတွေ ဂရုမစိုက်သလိုလိုနဲ့ လိုက်စောင့်ရှောက်ပေးတာတွေက သဘောကျစရာပါ ။ မင်းသမီး Claudette Colbert ကလည်း ကြည့်နေရင်းနဲ့ကို ချစ်စရာလေးဖြစ်သွားတာ

တကယ်ကို Classical Movie fan ဆိုရင် ကြည့်သင့်တဲ့ ဇာတ်လမ်းပါ
classy fan မဟုတ်ရင်တောင် ကြည့်နေရင်း ပြုံးမိမှာတော့ အာမခံပါတယ်
FULLY RECOMMENDED ပါနော် 😉

အားး လက်စမသတ်ခင် Trivia လေးပါပြောသွားမယ် 🌚
မင်းသားကြီး Clark Gable က ဒီ “It happened one night” မှာ ရရှိခဲ့တဲ့ Oscar ဆုတံဆိပ်ကြီးကို fanboy ကောင်လေးတစ်ယောက်ကို ပေးခဲ့ပါတယ်တဲ့
ကောင်လေးကတော့ Clark Gable ကွယ်လွန်ပြီးတဲ့နောက် Gable မိသားစုကို ဆုတံဆိပ်ပြန်ပေးခဲ့ပါတယ်တဲ့

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။