Jazzy Misfits(2020)အညွှန်း
**************************
Rapper မမ Cheetah ကို ဒီဇာတ်လမ်းမှာ Jazz သီချင်းလေးတွေနဲ့ တွေ့ရပါလိမ့်မယ်…
ပြီးတော့ ဒီဇာတ်လမ်းက သူမရဲ့ Debut Film ဖြစ်ပါတယ်….
ဆွန်းဒေါ့ ကတော့ အီထယ်၀န်မှာ နေထိုင်ပြီး Blue ဆိုတဲ့
အနုပညာနာမည်နဲ့ သီချင်းတွေဆိုတဲ့ အဆိုတော်ကောင်မလေးပါ….
သူမမှာ ယူရီလို့ခေါ်တဲ့ ညီမ တစ်ယောက်လည်းရှိပါတယ်….
သူတို့အမေကတော့ Jazz အဆိုတော်ဟောင်းတစ်ဦးဖြစ်ပြီး လူတွေက Miss Fitz လို့ခေါ်ကြပါတယ်
တစ်ရက်မှာတော့ Miss Fitz က Blue ဆီကို အသည်းသန်ရောက်လာခဲ့ပါတယ်
အကြောင်းရင်းကတော့ သမီးငယ် ယူရီက သူမရဲ့ ပိုက်ဆံတွေ ယူပြီးထွက်ပြေးသွားလို့ပါ
ဒါပေမယ့် Blue နဲ့ ယူရီက ခွဲနေတာ တစ်နှစ်ကြာပြီတဲ့
ဘယ်မှာမှန်းမသိဘူးတဲ့
အဲ့ဒါနဲ့ သူတို့သားအမိ ၂ ယောက် ယူရီရှာပုံတော် စတင်ပါတော့တယ်….
ဒါပေမယ့် ယူရီက အစအန ရှာမရအောင် ပျောက်နေခဲ့ပါတယ်…
ဒီကလေးမှာ ဘာအန္တရာယ်တွေ ကြုံနေရတာလဲ….
ဘာကြောင့်ပျောက်နေတာလဲ……
ြပန်ရှာလို့တွေ့နိုင်ပါ့မလားဆိုတာ
ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည်ရှုကြပါနော်