Genre: | Comedy, Drama, Bollywood |
---|---|
Downloads | 1386K Views |
KAAGAZ (2021)
==============
အခုနှစ်သစ်မှာ အသစ်ထွက်ရှိလာတဲ့ အိန္ဒိယဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ KAAGAZ ဟာ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုအခြေခံထားတဲ့ ဒရမ်မာဇာတ်မြူးမျိုးပါ။ လက်တွေ့ဘ၀မှာ တွေ့ကြုံခံစားနေရတဲ့ မတရားမှုတွေကို ထင်ဟပ်ပြထားပြီး ကြည့်တဲ့သူတွေကို တွေးစရာရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
ဘာရတ်လာလ်ဟာ အင်မတန်ရိုးရှင်းပြီး ရောင့်ရဲတင်းတိမ်စွာနေတတ်တဲ့ သာမန်လူတွေထဲ လူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့အနားကလူတွေရဲ့တိုက်တွန်းမှုကြောင့် လုပ်ငန်းချဲ့ဖို့အတွက် ဘဏ်ကနေပိုက်ဆံချေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလိုကြိုးပမ်းရင်းကနေ သူ့ရဲ့ရိုးရှင်းတဲ့ဘ၀ဟာ လုံး၀ကိုရှုပ်ထွေးသွားခဲ့ရပါတယ်။ လောဘကြီးတဲ့ ဆွေမျိုးအရင်းတွေရဲ့လောဘကြောင့် သူဟာ သေစာရင်းသွင်းခံရတဲ့သူ ဖြစ်လာခဲ့ပါတယ်။ လူတွေကြားမှာလည်း လှောင်စရာဖြစ်လာပါတယ်။
သူတတ်နိုင်တဲ့ဘက်က ဖြေရှင်းဖို့ကြိုးစားပေမဲ့လည်း ပြေလည်မသွားခဲ့ပါဘူး။ အဖေဖြစ်သူ သေစာရင်းသွင်းခံရမှုဟာ နောက်ထပ်မွေးလာတဲ့ သူ့သမီးလေးဆီကိုပါ သက်ရောက်လာမှာကို သူစိုးရိမ်လာတဲ့အခါ…. ဘာရတ်အနေနဲ့ သူမတရားခံရမှုကို ဘယ်လိုဆက်ရင်ဆိုင်မလဲ၊ လူတွေရဲ့အမြင်ကို သူ့အနေနဲ့ တွန်းလှန်နိုင်ပါ့မလား၊ သူ့ဘ၀ကရော အရင်လိုအေးချမ်းနိုင်ပါဦးမလားဆိုတာကို စိတ်၀င်စားစရာစောင့်ကြည့်ကြရမှာပါ။
ရိုးသားတဲ့ကျေးလက်က လူတွေရဲ့စရိုက်သဘာ၀၊ လူတွေရဲ့လောဘနဲ့ လက်တွေ့ဘ၀မှာ ကြုံတွေ့နေရတဲ့ မတရားမှုတွေကိုလည်း မီးမောင်းထိုး ဖော်ပြထားပါတယ်။ သေချာတာကတော့ ဒီ KAAGAZ ဟာ PK တို့ Padman တို့လိုပဲ ကြည့်ရှုသူတွေကို တွေးစရာတွေရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။