Kajillionaire (2020)
================
IMDb Rating – 6.4/10
ဒီဇာတ်ကားလေးဟာ IMDb Rating 6.4/10 ရရှိထားပြီး ကြည့်လို့ကောင်းတဲ့ Crime, Drama ဇာတ်ကားကောင်းလေး
ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ◌်းကိုပြောပြရရင် ရောဘတ်နဲ့ ထရီဇာဆိုတဲ့ စုံတွဲဟာ လူတွေကို လှည့်ပတ်လိမ်လည်နေတဲ့
ဂျင်ပေါ်ကထုံး လမ်းဘေးကြွက် Con Artist နှစ်ယောက်ပါ၊ ရတဲ့ဝေစုကို အမြဲတမ်း ၂ ယောက်ခွဲယူတယ် ဒီလိုနဲ့ သူတို့ ဘဝကို
လည်ပတ်ဖြတ်သန်းနေတာပါ။ နောက်ပြီး သူတို့မှာ သမီးလေး တစ်ယောက်ရလာတော့လည်း ပညာအမွေပေးတဲ့အနေနဲ့ အဲ့ဒီ
သမီးကို ၂၆ နှစ်လုံးလုံး သူတို့လိုလူလိမ်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ (စေတနာတွေနော်)
ရောဘတ်ပြောတဲ့ စကားအရဆို ငါ့သမီးက စာမရေးတတ်ခင် အရွယ်ကထဲက လူတွေကို ဘယ်လိုလှည့်ပတ်ရမလဲ သိနေပြီတဲ့….
အဲ့ဒီလိုနဲ့ သူတို့ ၃ ယောက်အဖွဲ့ထဲကို မယ်လီနာဆိုတဲ့ ကောင်မလေး တစ်ယောက်ရောက်လာပြီး ဓားပြမှုတစ်ခုကို စီစဉ်ကြတဲ့အခါမှာ
ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုဆက်လက်ကြည့်ရှုပေးပါ ခင်ဗျာ။
ကြည့်ရှုလိုပါက နှိပ်ပါ