Kanchana 3 (2019)

Genre: Comedy, Horror
Download 17475

Kanchana 3 (2019) မြန်မာစာတန်းထိုး

မဂၤလာပါ

အိန္ဒိယတောင်ပိုင်းကား ပရိတ်သတ်တို့ရေ….

ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက်

ရွေးထုတ်တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက

 

မြန်မာပြည်မှာ တာတေကြီးရယ်လို့နာမည်ကြီးခဲ့တဲ့

Kanchana ဇာတ်ကားတွေရဲ့ သုံးကားမြောက်ကားဖြစ်တဲ့

Kanchana 3 ပါတဲ့ ခင်ဗျာ ။

ဒီကားဟာ အရှေ့မှာ 1 2 ထွက်ခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့တဲ့ကားမို့ သုံ

းကားမြောက်အဖြစ် ရိုက်ထားတဲ့ ကားပါ။

ဒီဇာတ်ကားမှာလည်း Kanchana ကားတွေမှာ ပုံမှန်မြင်တွေ့နေကျဇာတ်ကောင်ဖြစ်တဲ့

သရဲဆိုရင် ကြောက်ဒူးတုန်တတ်တဲ့ ရာဂဗားရယ်။

မတရားအသတ္ခံခဲ့ရတဲ့ ကာလီဆိုသူ

မိဘမဲ့ဂေဟာ ပိုင်ရှင်နဲ့သူ့ချစ်သူ ရိုစီတို့ရယ် ။

ရာဂဗားတို့မိသားစုရယ်နဲ့ ဇာတ်လမ်းကို ရိုက်ပြထားတာပါ ။

အဖိုးနဲ့အဖွားရဲ့ နှစ်၆၀ပြည့် မင်္ဂလာနှစ်ပတ်လည်ကို သွားရင်း လမ်းမှာ ဝင်နားမိတဲ့

သစ်ပင်ကနေ နာနာဘာဝတွေကြောင့် ပူးကပ်ပါလာရာက စလို့…

ရာဂဗားတို့မိသားစုကို နာနာဘာဝတွေက ခြောက်လှန့်ပုံ ၊

ဒီမကောင်းဆိုးဝါးအမှောင်လောကသားတွေကို မောင်းထုတ်ဖို့ကြိုးစားပုံတွေအပြင် . . .

မိမိတည်ထောင်ထားတဲ့ မိဘမဲ့ဂေဟာ မီးရှို့ဖျက်ဆီးခံရပြီး ၊ မိမိရဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ၊

မိမိရဲ့သွေးသားလိုဖြစ်နေတဲ့ မိဘမဲ့ကလေးတွေကို ထိပါးလာလို့ ပြန်လက်စားချေတဲ့

ကာလီဆိုတဲ့ လူတစ်ယောက်အကြောင်းကို တွေ့မြင်ရမှာဖြစ်ပါတယ် ။

သရဲကားဆိုတာထက် အကြမ်းပတမ်းတွေ ထိုးတဲ့ကြိတ်တဲ့

အက်ရှင်ခန်းတွေပါတဲ့ ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားပါပဲ။

အိုဗာအက်ရှင်တွေကို မျှော်လင့်ထားတယ်ဆိုမှသာ

ဒီကားကို ကြည့်ပါ။

တမီးလ်နာဒူးပြည်နယ်အကြိုက် ရိုက်ထားရတဲ့

အိန္ဒိယတောင်ပိုင်းကား စစ်စစ်မို့၊ တောင်ပိုင်းပရိတ်သတ်တွေကတော့

လက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာအမှန်ပါပဲ၊။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။