Malibu Rescue: The Next Wave 2020

Genre: Action, Adventure, Comedy
Download 47426

2019 မှာ Malibu Rescue ဆိုပြီး ပထမပိုင်းအရင်ထွက်ရှိခဲ့ပြီး အခု 2020 မှာ The Next Wave ဆိုပြီး ထွက်ရှိခဲ့ပါတယ်။

Malibu Rescue ဆိုတာကတော့ Malibu ကမ်းခြေက လူငယ်ကယ်ဆယ်ရေးအသင်းတစ်ခုပါ။ ကမ်းခြေမှာ ရေလာဆော့တဲ့သူတွေ အန္တရာယ်ကြုံတွေ့တဲ့အခါ ကူညီပေးရတဲ့ အဖွဲ့ပါ။

Season 1 မှာတုန်းက ဇာတ်လိုက်ဖြစ်သူ တိုင်လာနဲ့ သူ့ဘော်ဒါတစ်သိုက်ဟာ အသင်းထဲကို ၀င်ခွင့်ရဖို့ ကြိုးစားခဲ့ပုံတွေကို တွေ့ရမှာပါ။

အခု Season 2 မှာတော့ ပို အဆင့်မြင့်သွားပါပြီ။ Beachmaster ဆိုတဲ့ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ကြရတော့မှာပါ။ နိုင်ငံပေါင်းစုံက နိုင်ငံ့ကိုယ်စားပြုအသင်းတွေနဲ့ ချန်ပီယံကို လုရတော့မှာပါ။

Season 1 ရှိတဲ့ ဇာတ်ကားဆိုတော့ Season 2 ကို spoiler မပေးတော့ပါဘူး။ 2 ကို မကြည့်ခင် 1 ကိုအရင် ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဒီဇာတ်လမ်းမှာ လူငယ်တွေရဲ့ ကြိုးစားပုံတွေ၊ teamwork တွေကို မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရမှာဖြစ်ပြီး ဟာသလေးတွေပါ နှောထားတဲ့အတွက် တစ်ကားလုံး မပျင်းရဘဲ lively ဖြစ်နေမှာပါ။ ဒါ့အပြင် Malibu ရဲ့ အလှအပတွေကိုလည်း တစ်၀ကြီးမြင်ရမယ့် ဇာတ်ကားလေးမို့ လက်မလွှတ်သင့်တဲ့ ကားလေးပါ

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။