Manjhi The Mountain Man (2015)

Genre: Biography, Drama, History , Bollywood
Downloads 5K Views

(အချစ်အတွက် တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့သူ
သို့မဟုတ်/ ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အံ့ဖွယ်လူသား)

ကမ္ဘာပေါ်မှာ အချစ်ကိုနည်းအမျိူးမျိုးပုံဖော်ကြပါတယ်။
ကိုယ့်ချစ်သူ အတွက် ဘာမဆိုလုပ်ပေးမယ်.. စွန့်လွတ်အနစ်နာခံ
ရဲတယ်…
တစ်ချို့က ကိုယ့်ချစ်သူအတွက်အိမ်လေးတစ်လုံး ဆောက်ပေးတာ… တစ်ချို့က ကိုယ့်ချစ်သူအတွက်
ရွှေငွေရတနာတွေ အပြည့်နဲ့ ကိုယ့်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင်ဖန်တီးပေးကြတာ ….. စတဲ့ စတဲ့ လက်တွေ့ဆန်တဲ့ အချစ်မျိုးနဲ့လည်း ပုံဖော်ကြတာပါပဲ။
ဆိုတော့ကာ…
အချစ်အတွက်နဲ့ တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့တဲ့သူရှိတယ်လို့ ကျွန်တော်ကပြောရင်…
ခင်ဗျားတို့ ယုံကြည်မှာလား လက်ခံမှာလားး???
လက်ခံလိုက်ပါ မိတ်ဆွေ.. ????

အဲ့လူဟာ တကယ်ကိုပဲ တောင်တစ်လုံးလုံးကို တစ်ယောက်ထဲ ဖြိုခဲ့လို့ လူ့အသိုင်းအဝိုင်းမှာရော …ကမ္ဘာ့အသိုင်းအဝိုင်းမှာပါ..သူ့ကိုအံသြစွာနဲ့လက်ခံခဲ့ကြရပါတယ်..
နောက်ဆုံး သူဟာ ကမ္ဘာ့ဂင်းနစ်စံချိန်မှာ အံ့ဖွယ်လူသားအဖြစ် မှတ်တမ်းတင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ အဲ့လူကတော့ တခြားသူ မဟုတ်ပါဘူး။
အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ Dasharth Manjhi ဆိုတဲ့ သူပါပဲ။

အခု ကျွန်တော်ညွှန်းချင်တဲ့ ဇာတ်ကားကတော့ Manjhi အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။
ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ ပထမဆုံးအစပျိုးစီစဉ်ခဲ့တဲ့သူကတော့ တခြားသူမဟုတ်ပါဘူး။

 

PK, 3Idiots, Doom 3, စတဲ့ ရုပ်ရှင်တွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အိန္ဒိယမင်းသားကြီး Aamir Khan(အမေးရ်ခမ်း) ပါပဲ..။ စီစဉ်ဖြစ်ပုံကလည်း ဒီလိုဗျ…
မင်းသားကြီးက တကယ့်အပြင်က Manjhi ရဲ့ ဘဝအကြောင်းကို သိရှိသွားပြီးနောက်မှာ Manjhiတို့မိသားစု နေထိုင်ဖို့ အိမ်တစ်လုံးဝယ်ပေးခဲ့ပါတယ်။ Manjhi ကလည်း မင်းသား Aamir Khan ဝယ်ပေးတဲ့ အိမ်လေးမှာပဲ နေထိုင်ရင်း ခေါင်းချကွယ်လွန်ခဲ့တာပါ။

>> ရုပ်ရှင်အညွှန်း <<

၁၉၃၄ခုနှစ် အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်လေးထဲက ဂေလာ (Gehlaur ) ဆိုတဲ့ရွာငယ်လေးမှာ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်ကြတဲ့ ဆင်းရဲချို့တဲ့နွမ်းပါတဲ့ မိသားစုလေးထဲမှာ Manjhiဆိုတဲ့ လူငယ်လေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။

ရိုးရာဓလေ့ထုံးစံအရ Manjhiကို (၁၂)နှစ်သားကတည်းက အိမ်ထောင်ပြု (စေ့စပ်) ရမှာဖြစ်လို့ အဲ့ရွာလေးထဲက Faliguni Devi ဆိုတဲ့ မိန်းကလေးနဲ့ စေ့စပ်ခဲ့ကြပါတယ်။ (ဒီနေရာမှာ အသက်အရွယ်အရ စေ့စပ်တယ်ဆိုပေမယ့် တကယ်တမ်းကတော့ လက်ထပ်ထားပြီးဖြစ်ပါတယ်)

အဲ့စေ့စပ်တဲ့နေ့မှာပဲ ရွာလူကြီးက Minjhi အဖေဆီကို အကြွေးလာတောင်းပါတယ်, အကြွေးမပေးနိုင်လို့ ရွာလူကြီးထံမှာ Manjhi ကို အဖေဖြစ်သူကရောင်းစားခဲ့ပါတယ်။ ရွာလူကြီးအိမ်မှာ အနိုင်ကျင့်ခံပီး ဆင်းရဲစွာ ပင်ပန်းစွာနဲ့လုပ်ကိုင်နေရတဲ့ Manjhi လေးဟာ သည်းမခံနိုင်တဲ့အဆုံးး တစ်နေ့မှာ ရွာလူကြီးအိမ်ကနေ ထွက်ပြေးပြီး ကျောက်မီးသွေးတင်တဲ့ ရထားနဲ့ခိုးလိုက်ကာ ဘုံဘေမြို့ပေါ်ကိုတစ်ယောက်တည်း ခြေဆန့်ခဲ့ပါတော့တယ်။

ဒီလိုနဲ့..နောင်အနှစ်၂၀ခန့်ကြာတဲ့အခါ…

Manjhi ဟာ ဘုံဘေကိုစွန့်ခွာပီး သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ရွာလေးကို အပြီးအပိုင်ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ ရွာလေး ကတော့ နှစ်တွေကြာသွားလည်း ဘာမှတိုးတက်ပြောင်းလဲသွားခြင်းမရှိပါဘူး။ ပိုပြီးတော့တောင် ဆင်းရဲချို့တဲ့လာခဲ့ပါတယ်။

အကြောင်းက ရွာလူကြီးသားရဲ့ နှိပ်စက်မှုကိုအလူးအလဲကို ရွာသူရွာသားတွေဟာ ခံနေရပါတယ်။
ရွာသူမိန်းကလေးတွေကိုလည်း အတင်းအဓမ္မစော်ကားနိုင်ကျင့် ၊ ရွာသားတွေကိုလည်း ကြီးငယ်ရွယ်မရွေး ခေါင်းပုံဖြတ်ပီး အနိုင်ကျင့်နေပါတော့တယ်။
ရဲတိုင်လို့ လည်းမရပါဘူး။ ရွာမှာ ရဲစခန်းလည်းမရှိပါဘူးဗျ။
ဒါဆို တခြားရွာမှာသွားတိုင်လေ.. ဒါမှမဟုတ် မြို့ပေါ်တက်တိုင်ပါလားလို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။

ဒါပေမယ့်လည်း.. အဓိက အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးပါပဲ။
ဒီရွာလေးရဲ့ ပတ်ပတ်လည်မှာ မြင့်မားလှတဲ့ တောင်ကြီးတွေက ဝန်းရံထားပါတယ်..
ရွာသူရွာသားတွေထဲမှာလည်း အဲ့ဒီတောင်ကြီးတွေကိုဖြတ်ပြီး မြို့ကို ရောက်ဖူးတဲ့သူမရှိသလောက်ရှားပြီး၊ မြို့ပေါ်ကလူတွေကလည်း ဒီတောင်တွေရဲ့နောက်မှာ ရွာသေးသေးလေးတစ်ရွာရှိတယ်လို့ သိတဲ့သူရှားပါးပါတယ်။
ရွာကနေ မြို့ကိုသွားရမယ်ဆိုရင်လည်း ဒီတောင်တွေကိုပတ်ပီးမှ သွားရတဲ့ အတွက်ကြောင့် မြို့ပေါ်ရောက်ဖို့အတွက် ၅ရက် ၆ရက်ထိ သွားရပါတယ်။ ဒါကြောင့် ရွာသူရွာသားတွေဟာ.ဆင်းရဲချို့တဲ့စွာ ဗဟုသုတကင်းမဲ့စွာနဲ့ ရွာလူကြီးသားရဲ့ နှိပ်စက်မှုတွေကို ခံနေကြရပါတယ်.။

ကဲ..
Manjhi ရဲ့အကြောင်းလေးဆက်ပြောပြကြည့်မယ်…

အချစ်ကဆန်းကျယ်လွန်းလှပါတယ်။ Manjhi သူ့ရွာလေးကို ပြန်ရောက်တဲ့နေ့မှာပဲ သူငယ်ငယ်က စေ့စပ်ဖူးသူ မိန်းကလေးDevi နဲ့ ပြန်တွေ့ရပါတယ်။ Devi ဟာ အခုဆိုအပျိုကြီးဖားဖားဖြစ်ပီး တောသဘာဝနဲ့အညီ လှနေပါတယ်..
Manjhi ဟာ Devi ကို မြင်မြင်ချင်း ချစ်မိသွားပြီး သူသိလိုက်ရတာက Devi ဟာ သူငယ်ငယ်က လက်ထပ်ထားတဲ့ မိန်းကလေးဖြစ်နေတာပါပဲ..
Manjhi ဟာ အရမ်းကိုပျော်သွားးပီ Deviရဲ့ အဖေဆီကိုသွားကာ ” ဒါကျုပ်မိန်းမ ကျုပ်ငယ်ငယ်ကတည်းက လက်ထပ်ထားတာ ကျုပ်သူ့ကို လိုချင်တယ်လို့ ” သွားပြောရာမှာတော့ Deviရဲ့ အဖေက Manjhi ကို မောင်းထုတ်ပါတော့တယ်။ Deviရဲ့ အဖေမသိသေးတာက …သူ့သမီး Devi ဟာလည်း Manjhiကို ချစ်မိနေတယ် ဆိုတာပါပဲ..ဒီတော့ ဘာတွေဆက်ဖြစ်မလဲ.. ဘာကြောင့် တောင်တစ်လုံးကို တစ်ယောက်တည်းဖြိုခဲ့တယ်ဆိုတာကိုတော့..ဇာတ်ကားကိုဆက်ကြည့်စေချင်ပါတယ်ဗျ..

ဒီ ၃နာရီကျော်ကြာတဲ့ ရုပ်ရှင်ကို ဒါရိုက်တာကြီး Mohit Moond ကရိုက်ကူးပုံဖော်ထားပီး ဆုတွေလည်းတသီကြီး ရရှိထားကာ တကယ့်ကို အနှစ်သာရ ပြည့်ဝစွာနဲ့ ရိုက်ကူးထုတ်လုပ်ထားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
Manjhi နေရာမှာ အိန္ဒိယမင်းသားကြီး Nawazuddin Siddiqui က Manjhi ဇာတ်ရုပ်ကိုသဘာဝကျကျ နဲ့ ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ Deviအဖြစ် မင်းသမီး Radhika Apte ကလည်း တကယ့်ကို ပီပြင်စွာနဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားပါတယ်။ ဒီ အိန္ဒိယရုပ်ရှင်မှာ ထူးခြားတာက ဒီကားမှာ သီချင်းတွေ က တာတွေ တစ်ခန်းမှမပါပါဘူး။ နောက်ခံတီးလုံးတောင် များများစားစားမပါပါဘူးး။ ရုပ်ရှင်ကြည့် လိုက်တာနဲ့ သင့်ရှေ့မှာ တကယ်ဖြစ်နေတယ်ထင်ရအောင်ကို သဘာဝကျကျနဲ့ပီပြင်စွာ ရိုက်ကူးထားပါတယ်..။

ဒီနေရာမှာတော့ Full Spoiler Alert ပါ ..
X x x x x x x x x x x X

ဒီလိုနဲ့ လူကြီးတွေ သဘောမတူတဲ့အဆုံး Manjhi နဲ့ Deviတို့ဟာ ခိုးပြေးကြပါတယ်…။
အချစ်စစ်တို့ လမ်းဟာမဖြောင့်ဖြူးဘူး ဆိုတဲ့ စကားအတိုင်း သူတို့ ရဲ့ အချစ်ခရီးလမ်းဟာ ကြမ်းတမ်းခဲ့ပါတယ်။ ခိုးပြေးတဲ့ ညမှာပဲ ရွာလူကြီးသားနဲ့ သူ့တပည့်တွေက နောက်ကနေလိုက်လာလို့ ခွေးပြေးဝက်ပြေးပြေးခဲ့ရပါတယ်။
( ရွာသူကြီးသားနဲ့တပည့်တွေလိုက်လာလို့ ထွက်ပြေးတဲ့အခန်း ဗွက်အိုင်ထဲမှာ တစ်ကိုယ်လုံးနစ်နေရတဲ့အခန်း ) တကယ်ကို ပီပြင်လွန်းလှပီး ချစ်သူ၂ယောက်ရဲ့အတူတူလက်တွဲ ရင်ဆိုင်ရဲတဲ့ အချစ်စိတ်ကို ပီပြင်စွာရိုက်ပြထားပါတယ်။ သရုပ်ဆောင်တွေဟာလည်း တကယ့်ကို သဘာဝအတိုင်းပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ…။

ဒီလိုနဲ့….အခက်အခဲတွေကို အတူရင်ဆိုင်ပြီး ကိုယ်ပိုင်ဘဝတစ်ခုဖန်တီးနေလာကြတဲ့ Manjhiတို့ ဇနီးမောင်နှံဟာ သားတစ်ယောက်မွေးပြီး.. Deviက ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်……

Manjhi ကလည်း သူ့ရဲ တိုးပွားလာတဲ့မိသားစုဝင်လေးတွေအတွက် တစ်နေကုန်တစ်နေခမ်း မနားမနေ အလုပ်ကြိုးစားရုန်းကန်နေရတာပေါ့….
ဇနီး ဖြစ်သူက ထမင်းခွက်ကိုခေါင်းပေါ်တင်ပြီး ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ ထမင်းပို့ပေးရပါတယ်.။

Manjhi လုပ်တဲ့ လယ်ကွက်ကိုရောက်ဖို့အတွက်လမ်းမှာ တောင်ကြောတစ်ခုကိုတက်ပြီး ကျော်လွန်ကာမှ Manjhiလုပ်တဲ့ လယ်ကွက်ကိုရောက်တာပါ.. ဒါကြောင့် ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ Deviအဖို့ ဒီခရီးဟာ ခက်ခဲကြမ်းတမ်းလှပါတယ်.။ သို့ပေမယ့် သူ့ယောကျားဆီကို နေ့တိုင်း ထမင်းထုပ်ရောက်အောင် ပို့ပေးရှာပါတယ်..။

တစ်နေ့..Manjhiရဲ့ နားထဲကို အကုသိုလ်သတင်းဆိုးကြီးဝင်လာပါတော့တယ်..,

ဟုတ်ပါတယ်…….. သူ့မိန်းမ သူ့ကိုထမင်းထုတ်လာပို့ရင် တောင်ပေါ်ကနေခြေလျော်ပီး ပြုတ်ကျလို့ ဆိုတာပါပဲ..။ သူ့မိန်းမဆီ အပြေးအလွှားသွားတဲ့အခါ သွေးအိုင်ထဲမှာ အသက်ငင်နေတဲ့ မိန်းမဖြစ်သူကို Manjhi တွေ့လိုက်ရပါတယ်။ ကိုယ်ဝန်ကလည်း ပြုတ်ကျထားတဲ့ အရှိန်ကြောင့်ပျက်ကျသွားပြီးသွေးအိုင်ထဲက ဇနီးသည်ရဲ့အဖြစ်နဲ့ ဗိုက်ထဲက သေလားရှင်လားမသိရသေးတဲ့ကလေးငယ်နဲ့.. မြင်ကွင်းက သူ့အတွက်တော့ အရူးမီးဝိုင်းဖြစ်နေရပါတယ်။ သွေးအိုင်ထဲမှာလဲနေတဲ့ သူ့မိန်းမကို ထမ်းပြီး မြို့ဆေးရုံကိုပို့ခဲ့ပါတယ်..။

ဟုတ်ပါတယ်..Manjhiဟာ သူ့မိန်းမကို ထမ်းပီးတောင်ပေါ်ကနေတက်ပြီး တောင်ကိုဖြတ်ပို့ခဲ့ရတာပါ ????
တောင်ကို ပတ်ပီး သွားရင် ၅ရက်၆ရက်ကြာမှာမို့တောင်ပေါ်လမ်းကနေ သွားခဲ့ရတာပါ.

ဒါပေမယ့်….
သူအရမ်းချစ်ရတဲ့ မိန်းမရဲ့ အသက်ကို သူမကယ်နိုင်လိုက်ပါဘူးး ????
ကလေးရဲ့ အသက်ကိုပဲကယ်လိုက်နိုင်ပါတယ်။

ရွာပြန်ရောက်တော့ Manjhi အကြီးအကျယ်ကိုဒေါသမီးတွေ ရင်ထဲမှာတောက်လောင်နေပါတယ်..။

အကြောင်းကား… သူ့မိန်းမသေရတာ ဒီတောင်ကြောင့်လို့ Manjhi စိတ်ထဲမှာ စွဲနေပါတယ်၊

ဒီတောင်သာမရှိခဲ့ရင်…

ဒီတောင်မှာသာ လမ်းရှိခဲ့ရင်….

သူ့မိန်းမမသေဘူးလို့ တွေးမိလို့ပါပဲ..။

ဒီလိုနဲ့ သူ့စိတ်ထဲမှာပေါ်လာတဲ့အရာကတော့ ဒီတောင်ကို ဖြိုပြီး လမ်းဖောက်ဖို့ပါပဲ..။ သူ့လို အဖြစ်ဆိုးမျိုးနောက်လူတွေ မကြုံအောင် ဖောက်မယ်ဆိုပြီး ပေါက်တူးတစ်လက် ပေါက်ဆိန်တစ်လက်နဲ့ နေ့တိုင်း တောင်ကိုသွားပီး ဖြိုပါတယ်။

ဒီသတင်းကို ရွာသားတွေကြားတော့ Manjhiကို မိန်းမသေသွားလို့ဒီကောင်ရူးသွားပြီလို့ ပြောပီး ဝိုင်းဝန်းလှောင်ပြောင်ကြပါတယ် ။ ကြာရင် ဒီကောင်မောပြီး ရပ်သွားလိမ့်မယ်လို့ ထင်နေကြပါတယ်။

ဒါပေမယ့် Manjhi ဟာ မရပ်တန့်ခဲ့ပါဘူး။ နေ့တိုင်း မနက်မိုးလင်းတာနဲ့ ပေါက်ဆိန်ထမ်းပီး တောင်ကိုတစ်ယောက်ထဲ ဖြိုနေတော့တာပါပဲ……။

နောက်ဆုံးတော့ Manjhi ဟာ (၂၁)နှစ်ကြာတဲ့အထိ တောင်ကို တစ်ယောက်ထဲနဲ့ ဖြိုခဲ့ပီး လမ်းဖောက်နိုင်ခဲ့ပါတယ်။

ဟုတ်ပါတယ်… သူတောင်ကိုဖြိုခဲ့တဲ့ အချိန်ဟာ(၂၁)နှစ်တောင် ကြာခဲ့ပါတယ်..။

(၂၁)နှစ်လုံးလုံး သူတစ်ယောက်ထဲ တောင်ကို ဖြိုခဲ့တာပါ။ ဘယ်သူ့ကိုမှ သူအကူအညီ မတောင်းခဲ့ပါဘူး။

ကဲ… Manjhi တစ်ယောက် ကလေး၂ယောက်နဲ့ ဘယ်လိုတွေ ဒုက္ခခံပြီး ဒီတောင်ကိုဖြိုခဲ့တာလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကို ကိုယ်တိုင်ကြည့်ပြီး ခံစားကြည့်ရှုကြပါတော့..မိတ်ဆွေ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။