Genre: | Romance |
---|---|
Downloads | 8474K Views |
ဒီတစ်ခါမှာတော့ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား
ရိုမန့်ဒရာမာကားလေးနဲ့ မိတ်ဆက်ပေးပါရစေရှင်
ဒီကားလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားက
ချစ်ခြင်းမေတ္တာလေးကို ပုံဖော်ထားတာပါ တည်တည်ငြိမ်ငြိမ်
ကောင်လေးက စွာတေးလန်ကောင်မလေးကို
ဘယ်လိုတွေ လိုက်ထိန်းမလဲ ကလေးဘဝကတည်းက
ရင်းနှီးခဲ့ကြပေမယ့် အရွယ်ရောက်တော့ အချစ်ရေးတွေ
နွယ်လာတဲ့အခါ ဘယ်လိုတွေဖြစ်ကြမှာလဲ
သူတို့သူငယ်ချင်းနှစ်ယောက်ကြား သူစိမ်းယောကျာ်းလေး
ဝင်လာတဲ့အခါ သူတို့ဆက်ဆံရေးပြောင်းလဲသွားမှာလား
သူငယ်ချင်းနဲ့ချစ်သူကြား ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်းမလဲ
သာမန်အချစ်ကားလေးဖြစ်ပေမယ့် စိတ်ဝင်စားစရာ
လှည့်ကွက်တွေကြောင့် မပျင်းနေရပါဘူး ဒီကားလေးကပေးတဲ့ Message ကတော့
” အနီးဆုံးမှာ ရှိနေတဲ့ ကိုယ်သတိမထားမိတဲ့
လူတွေက ကိုယ့်ရဲ့ဖူးစာဖက် ဖြစ်နိုင်ပါတယ် ” တဲ့