Merci Bocuse 2019

Genre: Documentary
Downloads 2964K Views

စိတ်ဝင်စားစရာ documentary ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဟင်းချက်ရတာနဲ့ စားသောက်စရာပြုလုပ်ပုံတွေကို သဘောကျနှစ်သက်သူတွေ ဒီဘိုကူးစ်ဒေါပြိုင်ပွဲ

မှတ်တမ်းရုပ်ရှင်ကို သဘောကျလောက်မယ်ထင်ပါတယ်

ဘိုကူးစ်ဒေါပြိုင်ပွဲတွေကို နှစ်စဥ်ကျင်းပပါတယ်။ နှစ်တိုင်းနိုင်ငံပေါင်းနှစ်ဆယ်ကျော်က

 

နိုင်ငံအဆင့်ရွေးချယ်ခြင်းခံရတဲ့စားဖိုမှုးတွေချည်း ပါဝင်ကြပြီး ပြင်သစ်နိုင်ငံလီယွန်းမြို့ကို

လာရောက်ယှဥ်ပြိုင်ကြရပါတယ်။ အဲ့ဒီက ပုဂ္ဂိုလ်ကကျောင်းမှာရက်ပိုင်းလောက်နေပြီးမှ ပြိုင်ကြရတာပါ။

စားဖိုမှုးတွေဟာ အရမ်းကို ဒီဟင်းချက်တဲ့ပရောဖက်ရှင်နယ်လ်အပေါ်

အနုစိတ်တန်ဖိုးထားကြတာကို တွေ့ရမှာပါ။ပြိုင်ပွဲရဲ့စည်းကမ်းတွေအပြင်

ဟင်းလျာတွေထည့်တဲ့ဗန်းကအစ အရမ်းကိုပြောင်မြောက်အောင်အချိန်ပေးစဥ်းစားပြီး လုပ်ကြတာတွေ

ဒီပြိုင်ပွဲကို စပေါ်ပေါက်စေခဲ့တဲ့ ပြင်သစ်လူမျိုး ပေါ်လ်ဘိုကူးစ်အကြောင်း

၊ စားဖိုမှုးတွေ အခက်အခဲတွေကြား ကြိုးစားရုန်းကန်ခဲ့ရတာတွေ၊ ဒီစားဖိုမှုးတွေနောက်က ထောက်ပံ့ ၊

ပံ့ပိုးပေးတဲ့အသင်းအဖွဲ့တွေ၊ မိသားစုဝင်တွေအကြောင်း တွေ့ရမှာပါ။

စားဖိုမှုးကြီးပေါ်လ်ဘိုကူးစ်အကြောင်း စာအုပ်များစွာရေးသားခဲ့ကြပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကိုတော့ ကနေဒါနိုင်ငံကိုယ်စားပြု စားဖိုမှုးအဖွဲ့ကနေ ရိုက်ကူးထားပါတယ်

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။
Load Facebook SDK for JavaScript end -->