Genre: | Sci-Fi |
---|---|
Downloads | 3110K Views |
Monsters of Man (2020)
===================
IMDb Rating – 5.2/10
ဇာတ်လမ်းကိုတော့ ရွှေတြိဂံလို့ လူသိများကြတဲ့ ဘိန်းနဲ့ မူးယစ်ဆေးတို့ ကြီးစိုးရာနယ်မြေထဲ နှိမ်နင်းရေးမှာ
အသုံးချဖို့ စီအိုင်အေက နည်းပညာမြင့် စက်ရုပ်တွေကို စမ်းသပ်ဖို့ရာ အတော်ဆုံးနည်းပညာရှင်တစ်ဖွဲ့ကို
အဲ့ဒီဒေသနားမှာ ငှားရမ်းခေါ်ယူထားပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီစက်ရုပ် ပရိုဂရမ်က ဘယ်လောက်တောင်
အသုံး၀င်ကြောင်းပြသဖို့ပါ။ ထင်မှတ်မထားတာက အဲ့ဒီနယ်မြေထဲက ရွာလေးတစ်ရွာမှာ မရိန်းတပ်သားဟောင်း
မေဆန်တစ်ယောက် တိတ်တဆိတ်အခြေချနေထိုင်နေတာရယ် လုပ်အားပေးဆေးကျောင်းသားတစ်ဖွဲ့ လမ်းပျောက်လို့
ရောက်လာတာရယ်ပါ။ ဒီပရိုဂရမ်ကို လူသိခံလို့မဖြစ်တဲ့ စီအိုင်အေအနေနဲ့ နည်းပညာအဖွဲ့နဲ့ပူးပေါင်းပြီး မျက်မြင်သက်သေ
မကျန်အောင် လက်စဖျောက်ဖို့ကြိုးစားမယ့်ကြားက မေဆန်တို့အဖွဲ့လွတ်မြောက်မလား အဲ့ဒီစက်ရုပ်ပရိုဂရမ်ကရော
ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ကြည့်ရှုရမဲ့ Sci-fi Action ကားကောင်းတစ်ကားဖြစ်ပါတယ်။