Morning Glory 2010

Genre: Comedy, Drama, Romance
Downloads 2724K Views

အမေရိကန်မှာ ရိုက်ကူးထားတဲ့ သတင်းထောက်တွေ ၊ ထုတ်လုပ်သူတွေရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့အခက်အခဲတွေကို ဒီကားလေးထဲမှာ မြင်တွေ့ရမှာပါ …..

ဘက်ကီ ဖော်လာဆိုတဲ့ ထုတ်လုပ်သူတစ်ယောက်ဟာ သတင်းတွေကိုအကြံပေးပြီး ရိုက်ကူးရတဲ့သူပေါ့ ။

တစ်နေ့မှာ သူဟာကုမ္မဏီတစ်ခုကနေ အလုပ်ထုတ်ခံလိုက်ရတယ် ။ ဒီလိုနဲ့ သတင်းကုမ္မဏီတွေမှာ အလုပ်လိုက်လျှောက်ရင်း အလုပ်ရခဲ့တယ်။

သူလုပ်ရမဲ့ကုမ္မဏီက နာမည်သိပ်မရှိတော့ အဲ့ကသတင်းတင်ဆက်သူတွေဟာ အလိုမကျဖြစ်လာရော ….

အဲ့နောက်ပိုင်းမှာ သူမရဲ့အစွမ်းအစတွေနဲ့ အောင်မြင်အောင်ဘယ်လိုလုပ်ခဲ့လဲ ၊

သူလေးစားရတဲ့ ရက်ခ် ပေါ်မရီ ဆိုတဲ့သတင်းထောက်ကို သူဘက်ပါအောင် ဘယ်လိုစည်းရုံးခဲ့ ပြီးတော့

အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့လား … ဆိုတာတွေကိုတော့

ဒီဇာတ်လမ်းလေးကြည့်ရင်း လေ့လာလိုက်ရအောင်နော် ။

သတင်းထောက်လုပ်ချင်သူတွေ ၊ ထုတ်လုပ်သူ‌လုပ်ချင်သူတွေအတွက် ဒီကားလေးဟာ ကြည့်သင့်တဲ့ကားကောင်းလေးပါ ။

ဒီကားထဲမှာ ဟာသအနှောလေးတွေနဲ့ ဗဟုသုတတွေအများကြီးပါလို့ ကြည့်စေချင်ပါတယ် ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။