Mother (2020)


ကြည့်ရှုလိုပါက နှိပ်ပါ

Mother (2020)
================

အာခီကိုက ဖြစ်သလိုနေတတ်တဲ့ မိန်းမတစ်ယောက်။ သူ့ကမ္ဘာထဲမှာ သူပျော်နေတတ်တဲ့ မိန်းမတစ်ယောက်။
ရွှန်ဟေး ဆိုတဲ့သူရဲ့သားလေးနဲ့ပေါ့။

ဒါပေမယ့် ပျော်ရွှင်မှုအတွက်က ငွေကြေးလိုအပ်နေတယ်။ အလုပ်မရှိ အကိုင်မရှိ ဖြစ်သလိုနေတတ်တဲ့
မိန်းမတစ်ယောက်အတွက်က ဝင်ငွေရှိဖို့မဖြစ်နိုင်ဘူး။ မိဘတွေကလည်း ပိုက်ဆံမထုတ်ပေးနိုင်တော့ဘူး။
သူဟာ သူ့သားကိုလည်းယောက်ျားတစ်ယောက်ယောက်နဲ့ပစ်ထားပြီး တစ်ခြားယောက်ျားတစ်ယောက်နဲ့ သွာပျော်ပါးနေတတ်တယ်။

တစ်နေ့တော့ ယို ဆိုတဲ့ယောက်ျားက သူတို့သားအမိနှစ်ယောက်ထဲရဲ့ဘဝထဲကို ရောက်လာခဲ့တယ်။
အဲ့ဒီယောက်ျားကလည်း အာခီကို လိုပဲ အလုပ်မရှိအကိုင်မရှိ ပေါက်လို့ပဲစား အုပ်ကြားမြက်ပေါက် အလုပ်လုပ်တာလက်ကြောမတင်းတဲ့ကောင် ဖြစ်နေခဲ့တယ်။ အကြွေးတွေလည်း ပတ်လည်ဝိုင်းနေတဲ့သူတစ်ယောက်ပေါ့။

အသက်ကြီးလာတာနဲ့အမျှ ရွှန်ဟေးဖြေရှင်းရတာဟာ သင်္ချာပုစ္ဆာတွေအဟုတ်ဘဲ သူ့အမေရဲ့ပြဿနာတွေဖြစ်နေခဲ့တယ်။
အဲ့တော့ ယို ဆိုတဲ့လူကသူတို့သားအမိနှစ်ယောက်ရဲ့ ဘဝထဲကို ဝင်လာပြီး ဘာတွေဒုက္ခပေးမှာလဲ။ ဘယ်အရာက ရွှန်ဟေးကို လူသတ်ဖို့တွန်းအားပေးခဲ့တာလဲ။
အာခီကို ကရောသူ့ရဲအပြုအမူတွေအတွက် နောင်တရခဲ့ရဲ့လား။

ကြည့်ရှုလိုပါက နှိပ်ပါ