Genre: | Comedy |
---|---|
Downloads | 2747K Views |
Oh! My Gran(2020)
၅၂၈ မေတ္တာရဲ့ အေးချမ်းမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပါ
ဇာတ်လမ်းအကျဉ်း
အဘွားအိုမွန်ဟီးဟာ သူငယ်ပြန်ရောဂါကို ခံစားနေရသူပါ
သူမမှာ သားတစ်ယောက်နဲ့ မြေးမလေးတစ်ယောက်ရှိပါတယ်
သားဖြစ်သူကလည်း အလုပ်များတာကြောင့် အမေကို ဂရုမစိုက်နိုင်ခဲ့ဘူး
သူငယ်ပြန်နေတဲ့လူဆိုတော့ ကလေးလို အမြဲလျှောက်သွားနေကျပေါ့
သူအဲ့လိုသွားတိုင်းမှာ မြေးမလေးက အမြဲ သူ့အဖော်အဖြစ်ပါတယ်
တစ်ရက်မှာတော့ ဆန်အရက်ဝယ်ဖို့ဆိုပြီး မြေးအဘွား ၂ ယောက် ညဘက် ထွက်သွားခဲ့တယ်
လမ်းမှာ မြေးဖြစ်သူ ဘိုမီကားနဲ့တိုက်ပြေးခံရတယ် တရားခံမမိဘူး
စီစီတီဗီကလည်း မှောင်နေလို့ သေချာ မမြင်ရဘူး
ရဲစခန်းကလည်း အမှုကို သေချာမလိုက်ပေးဘူး
အဲ့ဒါကြောင့် အဖေနဲ့အဘွားက အမှုကို လိုက်စုံစမ်းကြမှာပါ
နောက် ဘာတွေဆက်ဖြစ်မလဲ တရားခံ မိမှာလား
ဘယ်လို အလွဲလေးတွေ ဟာသလေးတွေဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပါနော် ။