Genre: | Animation, Family |
---|---|
Downloads | 22316K Views |
Octonauts and the caves of sacactun
ဒီကားကတော့ Animation ကားလေးပါ။2010 လောက်တည်းက tv series အနေနဲ့ပြလာခဲ့တာပါ။ကလေးတွေ လူငယ်တွေ အကြိုက်တွေ့ပြီး တကယ်လည်း ကြည့်လို့ကောင်းပါတယ်။
အခုကားအစမှာတော့ Octonauts လေးတွေက Coba ဆိုတဲ့အကောင်လေးကို သူ့အိမ်ဖြစ်တဲ့ caribbean ပင်လယ်ဆီ ပြန်ပို့ကြမှာပါ။
Coba ကို အိမ်ပြန်ပို့ဖို့အတွက် captain ရယ် peso ရယ်က တာဝန်ယူပြီး သူတို့ ယာဉ်လေးနဲ့ ထွက်လာပါတယ်။ဒါပေမယ့် အမှတ်မထင် သူတို့ယာဉ်ပျက်ကျလို့ တောတစ်ခုထဲ ရောက်သွားပါတယ်။
တောထဲက ရေရှိတဲ့နေရာဆီသွားရင် ရေအောက်ဂူထဲ ရောက်သွားပါတယ်။ အဲ့ဂူရှေ့က အစောင့် အကောင်လေး ၂ ကောင်ကလည်း ဒီထဲကို ဝင်သွားတဲ့သူတိုင်း ပြန်ထွက်မလာကြဘူးလို့ပြောပါတယ်။
ဒါပေမယ့်လည်း Captain နဲ့ Peso တို့ Coba ကိုခေါ်ရင်း ဆက်သွားခဲ့ကြပါတယ်။ဟိုဘက်မှာ ကျန်ခဲ့တဲ့ octonauts လေးတွေကလည်း အချက်ပြတာဘာမှမတွေ့ ခေါ်လို့လည်း မရတာနဲ့ တစ်ခုခုဖြစ်ပြီဆိုပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဖို့ပြင်ဆင်ကြပါတယ်။
လာကယ်ကြတဲ့ octonauts လေးတွေကရော ရေအောက်ဂူထဲ ရောက်နေတဲ့ Coba တို့ကို တွေ့နိုင်မလား၊ ရေအောက်ကမ္ဘာထဲ ဘယ်လိုစွန့်စားကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရမှာပါ။
Character အကောင်လေးတွေကလည်း တကယ် ချစ်ဖို့ကောင်း၊ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းလို့ ကြည့်ကြဖို့ recommend ပေးပါတယ်နော်။