One Winter Proposal (2019)

Genre: Comedy, Romance
Downloads 16148K Views

2018 ခုနှစ်မှာထွက်ရှိခဲတဲ့ One winter weekend ရဲ့ အဆက်လေးပါ…
 
One winter weekend ကို မကြည့်ရသေးတဲ့
 
သူတွေအတွက်တော့ spoiler လေးတွေပါနိုင်ပါတယ်နော်
 
ဇာတ်လမ်းနာမည်ကိုကြည့်တာနဲ့တင် ဇာတ်လမ်းကိုခန့်မှန်းမိလောက်ပါပြီ
 
ဇာတ်လမ်းအစမှာတော့ ကယ်ရာတစ်ယောက် မနှစ်ကနယူးယားညမှာ
 
အသည်းကွဲပြီးရည်းစားမထားတော့ဘူးလို့ ကြွေးကြော်ခဲ့သလောက်
 
ဒီနှစ်နယူးယားမှာတော့ အတိုးချပြီးတော့ကို ကြည်နူးနေတာပါ
 
One winter weekend ရဲ့ဇာတ်သိမ်းမှာ သူငယ်ချင်းလေးယောက်
 
ကိုယ်စီကိုယ်စီအလုပ်ကထွက်ခဲ့ကြပြီး ဒီအပိုင်းမှာတော့
 
အလုပ်သစ်ကိုယ်စီ ဘဝသစ်ကိုယ်စီနဲ့
 
ကနေဒါတောင်တန်းလေးတွေဆီ ပြန်ရောက်လာကြပါတော့တယ်
 
အလုပ်တွေပြောင်းသွားသလို သူတို့အချစ်တွေကရော ပြောင်းသွားမှာလား
 
ဇာတ်သိမ်းကို Twilight ဇာတ်ကားထဲက ဂန္တဝင်ဇာတ်ဝင်သီချင်းလေး
 
A Thousand Years နဲ့ပိတ်ထားပြီး ဝမ်းသာမျက်ရည်ပဲကျရမလား
 
ဝမ်းနည်းမျက်ရည်ပဲကျရမလားဆိုတာကိုတော့
 
ဇာတ်ကားထဲမှာပဲ ကြည့်ရှူလိုက်ကြပါတော့
 
ဒီ location ဒီလူတွေနဲ့ပဲပြန်ရိုက်ထားပေမဲ့
 
ဇာတ်လမ်းလေးက ပျင်းစရာကောင်းမသွားပဲ လှပပြီးရင်းလှပနေတော့တာပါ
 
သူတို့ရဲ့ သူငယ်ချင်းသံယောဇဥ်တွေကို အားကျရမှာဖြစ်သလို
 
အလုပ်နဲ့ကိုယ်ရေးကိုယ်တာ balance ဖြစ်အောင်
 
ကြိုးစားကြပုံလေးတွေကိုလည်း တွေ့မြင်ကြရမှာပါ
Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။
Load Facebook SDK for JavaScript end -->