Genre: | Drama |
---|---|
Downloads | 6472K Views |
Korea နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ပြီး ပြီးသား အသက်လတ်ပိုင်းအရွယ် independent woman တစ်ယောက်ရဲ့ နေထိုင်မှုကို လက်တွေ့ဆန်ဆန် အပါအဝင် ရိုက်ကူးပြသထားတဲ့ ကားလေးဖြစ်ပါတယ် ။
တက္ကသိုလ်ပြီး ပြီးသား အစိုးရဝန်ထမ်း ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် အခါခါ ကျဆုံးနေတဲ့ ယွန်းဂျာယောင်းဟာ နောက်ဆုံးမှာ ရည်မှန်းချက်ပါ ပျောက်ဆုံးသွားခဲ့ပါတယ်
တစ်နေ့ အွန်လိုင်းပေါ်မှာ မရပ်မနား ပြေးကြတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ လေ့ကျင့်ခန်းဟာ တစ်ခါတရံမှာ လူတွေရဲ့ စိတ်ခွန်အားနဲ့ အင်အားတွေကို ပေးတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်ပြီး အဖွဲ့ကို ဝင်ဖြစ်ခဲ့တော့ ဟွန်းဂျူ ဆိုတဲ့ အပြေးသမား ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီလိုနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရရှိလာတဲ့ မိတ်ဆွေတွေကြောင့် စိတ်ဓာတ်ခွန်အားတွေ ပြန်ရလာပြီး သူမ လုပ်ချင်တဲ့အရာကို ပြန်လည်ရှာဖွေခဲ့ပါတယ်။အထူးသဖြင့် ဟွန်းဂျူ ဆီကပေါ့။
အချိန်ပိုင်းတစ်ခု လုပ်ရင်း မကောင်းပြောတဲ့လူတွေရဲ့စကားတွေကို ဥပက္ခာပြုပြီး ဘဝကို လက်တွေ့ကျကျပြန်လည် ရှင်သန်ဖို့ကြိုးစားခဲ့တော့တယ်။
လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ sexual experienceအကြောင်း၊
မမှီခိုလိုတဲ့ တစ်ကိုယ်တည်းမိန်းမတစ်ယောက်အကြောင်း၊
သားသမီးနဲ့မိဘ သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးအကြောင်းနဲ့အတူ လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတစ်ယောက် ဘဝကို တိုးတက်စေတယ်ဆိုတာကို ကြည့်ရှုရမှာပါ ။