Genre: | Drama, Bollywood |
---|---|
Downloads | 5111K Views |
Paava Kadhaigal (2020)
======================
သည်တစ်ခေါက် ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ Dec 18, 2020 တုန်းက ထွက်ထားတဲ့ ဖြစ်ရပ်မှန်ကိုနောက်ခံယူရိုက်ကူးထားတဲ့ အိန္ဒိယနိုင်ငံရဲ့ အလွှမ်းမိုးဆုံးသော ဇာတ်နိမ့် ဇာတ်မြင့်ကို ဖော်ပြရိုက်ကူးထားတဲ့ ဇာတ်ကား Paava Kadhaigal Series လေးပဲ ဖြစ်ပါတယ် ။ series ၄ ပိုင်း ပါရှိပြီး
Rating အနေနဲ့ IMDb 8.3/10 ရရှိထားပြီး NDTV.com ကလည်း 4/5 ရရှိထားပါတယ်။ Google တွင် 97% လူကြိုက်များသော ရုပ်ရှင်ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး။
လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ မာန ဘဝရှေ့ရေး ကို ဇာတ်နိမ့် ဇာတ်မြင့်နဲ့ ခွဲခြားကြသလား…
အတွေးအခေါ်မဲ့သော လူတစ်ချို့၏လုပ်ရပ်ကြောင့် အပြစ်ကင်းစင်သော လူတစ်ယောက်၏ ဘဝ ကြွေလွှင့်ခဲ့ရပုံ၊ တင်းကျပ်သောစည်းမျဥ်းအောက်တွေ ပေါက်ဖွားလာသော မေတ္တာ တရား၊ အဖွဲ့အစည်း မှ လက်မခံသော ဖြစ်ရပ်တွေကို ဘယ်လိုမျိုး လူမဆန်စွာဖြေရှင်းခဲ့ ကြသလဲ…
မိမိတို့၏မြင့်မြတ်သောမျိုးရိုးပါဟု ဟစ်ကြွေးနေသူများ လူမဆန်စွာ လုပ်ရပ်တွေ ပြီးတဲ့နောက်…
ဘဝဟာ ပိုပြီးတော့များ နေသာ ထိုင်သာ ရှိသွားမှာတဲ့လား…
ပကာသန ဂုဏ်သိက္ခာတွေထက် လူသားဆိုသည်မှာ စိတ်၏ ငြိမ်းအေးမှုကိုသာ ရှာဖွေတတ်သူမို့…
သည်ဇာတ်ကားလေးတွင် လူ၏ စိတ် အတွေးအမြင်တွေကို အသေးစိတ်ပုံဖော်ရိုက်ကူးထားတာ တွေ့ရမှာပါ။ အထူးသဖြင့် မိဘတွေ၏ မိမိ၏ သားသမီးအရင်းအပေါ် ဇာတ်နိမ့် ဇာတ်မြင့် စည်းမျဥ်းတစ်ခုတည်းအတွက် လုပ်ခဲ့ကြသည့် လုပ်ရပ်ကို နောက်လူတွေ အတုယူနိုင်စေခြင်းငှာ…