Genre: | Animation, Comedy, Family, Music, Science Fiction, TV Movie |
---|---|
Downloads | 27546K Views |
ဒီတစ်ခေါက်မှာတော့ GC ပရိသတ်ကြီးကို ရယ်စရာ သိပ္ပံကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးပါမယ်
အိမ်မှာ မောင်လေး ညီမလေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့သူတွေရှိကြလား သူတို့ ဘာပဲလုပ်လုပ် အကောင်းပဲပြောပြီး ကိုယ့်ကိုကျ မယုံကြဘူးလေ ဟုတ်တယ်မလား
ဒီဇာတ်ကားထဲက Candace ဆိုတဲ့ကောင်မလေးက ဒီလိုခံစားချက်မျိုးခံစားနေရတဲ့သူပေါ့
နွေရာသီပိတ်ရက်မှာ Phineas နဲ့ Ferb ဆိုတဲ့ သူ့ရဲ့မောင်လေးနှစ်ယောက် အရုပ်တွေကို တီထွင်ဆော့ပြီး ပျော်နေသလောက် သူကတော့ သူပြန်ပြောသမျှ သူ့အမေမယုံလို့ စိတ်ညစ်နေရတဲ့သူပါ
တစ်နေ့မှာတော့ သူငယ်ချင်းတစ်ယောက်နဲ့အတူ ဂြိုလ်သားတွေနေတဲ့ ကမ္ဘာကြီး တစ်ခုကို ဖမ်းခေါ်သွားခံရရော
ဒါကို သိသွားတဲ့ Phineas နဲ့ Ferb က သူ့အစ်မကို သွားကယ်တင်ကြတာပေါ့
ကြားထဲက အလွဲလွဲအချော်ချော်နဲ့ ထူးထူးဆန်းဆန်းတီထွင်ထားမှုတွေကလည်း ရယ်စရာပါ
မောင်လေးနှစ်ယောက်ကြောင့် စိတ်ညစ်နေရတဲ့ Candace တစ်ယောက် ဂြိုလ်သား ကမ္ဘာကိုရောက်သွားတာ ဘယ်လိုဖြစ်သွားလဲဆိုတာ သိချင်ရင်တော့ ဒီကာတွန်းကားလေးကို ကြည့်ရှုကြပါဦး