Prati Roju Pandaage 2019

Genre: Bollywood, Drama, Family
Download 30144


ဒီတစ်ပတ်မှာတော့ တေလဂူး(Telugu) မိသားစုကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားနဲ့ မင်းသမီးကတော့ တေလဂူးပရိသတ်တွေ ရင်းနှီးပြီးသားမို့ အထူးတလည်မိတ်ဆက်စရာမလိုပါဘူး။ဇာတ်လမ်းအကျဉ်းကို တစ်ချက်လောက် ချပြရရင် အမေရိကမှာ အခြေချနေတဲ့ မင်းသားတို့မိသားစုရယ်၊ အိန္ဒိယမှာပဲ အလုပ်အကျွေးပြုစုသူ တစ်ယောက်နဲ့ အတူနေတဲ့ မင်းသားရဲ့ အဘိုးရယ်ပေါ့။တစ်နေ့မှာတော့ အဘိုးဟာ ကျန်းမာရေးအရ ဆေးစစ်ချက်သွားယူရာကနေ သူ့မှာ အဆုတ်ကင်ဆာ ရှိနေတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရပါတယ်။ သားသမီးတွေနဲ့ ဝေးရာမှာ နေရာသူဖြစ်တော့ သားသမီးတွေဆီ ဖုန်းဆက်အကြောင်းကြားတယ်။အဘိုးမှာ ရောဂါအဆင့်က ကျွမ်းနေပြီမို့ အချိန်က ၅ပတ်ကာလပဲ ရှိတော့တယ်။တစ်ဖက်မှာလည်း အလုပ်၊ တစ်ဖက်မှာလည်း မိဘဖြစ်တော့ အလုပ်ကို ဦးစားပေးတတ်ကြတဲ့ သားသမီးတွေဟာ အဖေဖြစ်သူဆီ ပြုစုစောင့်ရှောက်ဖို့ လောလောဆယ် မသွားနိုင်ကြပါဘူး။ဒါပေမဲ့ အဘိုးကို အရမ်းချစ်တဲ့ မြေး(မင်းသား)ကတော့ ဒီသတင်းကို ကြားကြားချင်း လိုက်သွားခဲ့ပါတယ်။အိန္ဒိယကိုရောက်ပြီး အဘိုးဖြစ်သူကို ကတိပေးလိုက်တာကတော့ “အချိန်၅ပတ်အတွင်း အဘိုး လုပ်ချင်ပေမဲ့ မစဖြစ်တဲ့အရာတွေ၊ စနေပေမဲ့ မပြီးသေးတဲ့ အရာတွေကို ဖြည့်ဆည်းပေးဖို့ပါ”ကျွန်နော်တို့ရဲ့ အချစ်တော် Raashi Khanna ကတော့ တစ်ဖက်သတ်ကြိတ်ကြွေသူတွေ ဝိုင်းဝိုင်းလည်နေပြီး Tik-Tok Cele တစ်ဦးအဖြစ် မြင်ရမှာပါ။ကဲ ဒီမှာ တင်ဇာတ်လမ်းက စပြီ။ အဘိုးဖြစ်သူရဲ့ ဆန္ဒတွေမှာ အဘိုးရဲ့ အချစ်ရေးတွေ ပါနေသလို မြေးဖြစ်သူအတွက် အချစ်ရေးတွေကလည်း ပါလာပါတော့တယ်။ကဲ.. ကျွန်တော်တို့ဒီအထိ ပြောပြပြီးပြီမို့ မိသားစု၊အချစ်၊ဒရာမာကားကို ကြည့်ရှုမယ့်ပရိသတ်တွေကပဲ ခံစားကြည့်ကြပါဦးဗျ။

Credit -> Channel Myanmar

logo
Channel Mandalay APK ကို downloadရန်နှိပ် ပါ။