Genre: | Drama |
---|---|
Downloads | 1260K Views |
Raging Bull (1980)
==================
ဒီတစ်ခေါက်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Raging Bull ဆိုတဲ့ Boxing ကားကောင်းလေးဘဲဖြစ်ပါတယ်။ ဇာတ်ကားဟောင်းလေးတစ်ကားဖြစ်ပေမယ့် Boxing ကား ကြိုက်သူတွေ နှစ်သက်သဘောကျကြမှာသေချာပါတယ်နော်။ IMDb 8.2/10 ရရှိထားသလို ဆုတံဆိပ် ရှစ်ခုတောင်ရရှိထားတဲ့အတွက် အထူးညွှန်းမနေတော့ပါဘူးနော်။
ဂျိတ်လာမိုတာ နေရာမှာသရုပ်ဆောင်ထားတာကတော့ Robert De Niro ဖြစ်ပြီးတော့ Director Martin Scorsese ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် De Niro ရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှု ရရှိခဲ့ပါတယ်။
ဒီဇာတ်ကားလေးထဲမှာ မစ်ဒယ်ဝိတ်ချန်ပီယံလက်ဝှေ့သမားဖြစ်ချင်တဲ့ လာမိုတာ ချန်ပီယံဆုရဖို့ ကြိုးဝိုင်းထဲမှာ သူသေကိုယ်သေအကြိတ်အနှယ်ထိုးသတ်အနိုင်ယူကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတိုင်းမှာ အနိုင်အရှုံးကတော့ ရှိစမြဲပါဘဲ ပွဲတိုင်းမနိုင်နိုင်သလို အနိုင်ရတဲ့ပွဲလည်းရှိပါတယ်။ အရေးကြီးဆုံးက ဇွဲမလျှော့ဘဲကြိုးစားနေဖို့ပါဘဲ။ ဒီဇာတ်ကားထဲမှာလည်း မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ဖို့ လာမိုတာ ဘယ်လောက်ကြိုးစားအားထုတ်ခဲ့ရလဲ သူ့ထက်တော်တဲ့ပြိုင်ဘက်တွေကို ဘယ်လိုအနိုင်ယူထိုးသတ်ခဲ့ရလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုပေးပါဦးပရိသတ်ကြီးရေ။