Ram Singh Charlie (2020)အညွှန်း
***********************************
IMDb…7.9
ချာလီက ဆက်ကပ်ထဲမှာပဲ မွေးဖွားလာသူဖြစ်တဲ့အပြင် ချာလီဆိုတဲ့နာမည်နဲ့လိုက်အောင်
ချာလီချက်ပလင်လိုမျိုး ဟာသဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့သူ တစ်ယောက်ပါ။
သူတို့ရဲ့ နာမည်ကြီး Jingo ဆက်ကပ်အဖွဲ့ကို တည်ထောင်သူ မိသားစုက ကုန်ကျစရိတ်များလွန်းပြီး
ဝင်ငွေ နည်းပါးလွန်းတဲ့အတွက်ကြောင့် ဖျက်သိမ်းလိုက်ပါတယ်။
ဒီတော့ ချာလီကလည်း အလုပ်လက်မဲ့ ဖြစ်သွားပြီး ဒုတိယ ကိုယ်ဝန်ကို လွယ်ထားရတဲ့ကိုယ်ဝန်သည်မိန်းမနဲ့ သူ့သား ချင်တူကို ဆက်ခေါ်ထားဖို့ မဖြစ်နိုင်လို့ ရွာကိုပို့လိုက်ပါတယ်။
ချာလီက သူ့မိန်းမကို ကလေးမွေးပြီးရင် ပြန်လာခဲ့ဖို့ နဲ့
သူအလုပ်တစ်ခုရှာပြီး ပိုက်ဆံစုထားမယ်လို့ဆိုကာ ကတိပေးလိုက်ပါတယ်။
သေချာတဲ့ လက်လုပ်လက်စားဘဝကိုမရွေးဘဲ ဘာအမှီသဟဲမှ မရှိဘဲနဲ့ ကိုယ်ပိုင်ဆက်ကပ်တစ်ဖွဲ့တည်ထောင်ပြီး အောင်မြင်အောင်
ကြိုးစားပါတော့တယ်…သူအောင်မြင်မှာလား….
ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကိုတော့…
ကြည့်ရှုလိုပါက နှိပ်ပါ