Red Dragon (2002)

Genre: Crime, Drama, Thriller
Downloads 5749K Views

Red Dragon (2002)

================

IMDb Rating – 7.2/10

#Unicode

ခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့်

 

ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Norton

တို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။

ဇာတ်လမ်းအညွှန်း
********
ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုး

ဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာ

သူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာ

လူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့

ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီး

သူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေက

မပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့်

ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်း

တိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius 3 ယောက်ရဲ့ အားပြိုင်မှု စိန်ခေါ်မှုတွေနဲ့ လူသတ်မှုကို

တစ်စတစ်စချင်းစီဖော်ထုတ်သွားတဲ့အချက်က ဟာကနဲတွေဖြစ်သွားမှာပါ၊

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။