Genre: | Comedy |
---|---|
Downloads | 1335K Views |
Scary Movie (2000) =================== သည်တစ်ခါမှာရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ သရဲကားတွေကို ကြိုက်နှစ်သက်တတ်တဲ့ သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Scary Movie ပဲ ဖြစ်ပါတယ်။ သည်ကားလေးကတော့ July 7,2000 ခုနှစ်က ရိုက်ကူးထားတဲ့ Horror အမျိုးအစားဖြစ်သလို American dark comedy ပုံစံမျိုးပဲ ဖြစ်ပါတယ်။ စစလွှင့်ချင်းမှာပင် Rating အနေနဲ့ IMDb 6.2/10 ရရှိထားတဲ့ ဟာသ သရဲကားဆိုလည်း မှန်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ အသက်၁၈နှစ် ရှိပြီဖြစ်တဲ့ ဒရူး ဆိုတဲ မိန်းကလေးတစ်ယောက် တစ်ညတွင် ခြိမ်းခြောက်တဲ့ ဖုန်းကောတစ်ခုကို လက်ခံရပြီးနောက်ပိုင်း သေဆုံးသွားခဲ့ပါတယ်။ လူသတ်သမားကို ရှာ၍မတွေ့နိုင်ဖြစ်ခဲ့ပါတယ်။ သည်တွင် တစ်ကျောင်းတည်း အတူတက်နေကျသော စင်ဒီတို့ သူငယ်ချင်းတစ်သိုက်သည် ထို လူသတ်မှုမဖြစ်ခင် လွန်ခဲ့သော တစ်နှစ် ဟောလိုးဝင်းညက အပျော်အပါးလွန်ရင်း လူတစ်ဦးကိုသတ်မိခဲ့ကြသည်။ ထို့နောက်တွင် ခြိမ်းခြောက်မှုများ သူငယ်ချင်းတစ်ယောက်ချင်းစီတွင် ရရှိလာခဲ့ကြသည်။ ထို့နောက် ဘာဆက်ဖြစ်ကြမလဲ။ လူသတ်သမားက ဘယ်သူလဲ။ စင်ဒီတို့ လူသတ်သမားကို ဖမ်းနိုင်ပါ့မလား။ ရယ်လည်းရယ်ရသလို ကြောက်စရာလည်းကောင်းသည်မို့ သရဲကားကြိုက်သူအတွက် လက်မလွတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း တိုက်တွန်းလိုက်ပါရစေ..