Genre: | Comedy |
---|---|
Downloads | 1460K Views |
Scary Movie 2 (2001)
=====================
သည်တစ်ခါမှာ ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ သရဲကားတွေကို ကြိုက်နှစ်သက်တတ်တဲ့ သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Scary Movie 2 ဖြစ်ပါတယ်။ သည်ကားလေးကတော့ July 4,2001 ထုတ်လွှင့်ထားတဲ့ Horror အမျိုးအစားဖြစ်သလို American dark comedy ပုံစံမျိုးပဲ ဖြစ်ပါတယ်။ စစလွှင့်ချင်းမှာပင် Rating အနေနဲ့ IMDb 5.3 /10နဲ့ Vudu rating 4.2/5 ရရှိထားတဲ့ ဟာသ သရဲကားဆိုလည်း မှန်ပါတယ်။
ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ Scary movie 1 ကိုကြည့်ရှူပြီးသူတို့အနေနဲ့ စင်ဒီနဲ့ သူငယ်ချင်း ၃ယောက် လူသတ်မှုကနေ လွတ်လာတာကို သိရှိပြီး ဖြစ်မယ်ထင်ပါတယ်။ သည်တွင် စမ်းသပ်မှု လုပ်ချင်သော ပရော်ဖက်ဆာ အိုမန်နှင့်အဖွဲ့က စင်ဒီတို့နောက်ကြောင်းများကို စုံစမ်းပြီး ကျောင်းစာသင်ကြားရေးအတွက် သုတေသနပြုသည်ဟု လိမ်ညာကာ သရဲအလွန်ခြောက်သောအိမ်ကြီးသို့ သူတို့အား အားလပ်ရက်တွေသွားရောက်စေသည်။
သည်တွင် သရဲခြောက်သော အိမ်ကြီးထဲက ထူခြားမှုများကို တစ်ယောက်တစ်မျိုး ကြုံတွေ့လာရသောအခါ ပရော်ဖက်ဆာ ဆရာအားသံသယ ဝင်လာခဲ့ကြသည်။
ထိုအခါ စင်ဒီတစ်ယောက် သရဲခြောက်သော အိမ်ကြီးနဲ့ပတ်သက်ပြီး သိသွားခဲ့သည့်အမှန်တရားရှိလာခဲ့သည်။
ကဲ အားလုံးပဲ စင်ဒီသနလာတဲ့ အမှန်တရားက ဘာဖြစ်မလဲ။ သရဲခြောက်သော အိမ်ကြီးက ဘယ်လိုအိမ်မျိုးဖြစ်မလဲ။ သည်အိမ်ကြီးကနေ ဘယ်လို လွတ်မြောက်အောင်ကြိုးစားကြမလဲ။ Scary Movie 1 ထက်ပင် ပို၍စိတ်ဝင်စားစရာ ကောင်းလာသလို ရယ်လည်းရယ်ရသလို ကြောက်စရာလည်းကောင်းသည်မို့ သရဲကားကြိုက်သူအတွက် လက်မလွတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း တိုက်တွန်းလိုက်ပါရစေ..