Genre: | Comedy |
---|---|
Downloads | 1071K Views |
Scary Movie 4 (2006)
====================
သည်တစ်ခါမှာ ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ သရဲကားတွေကို ကြိုက်နှစ်သက်တတ်တဲ့ သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Scary Movie 4 ဖြစ်ပါတယ်။ သည်ကားလေးကတော့ Oct 20,2003 ထုတ်လွှင့်ထားတဲ့ Horror အမျိုးအစားဖြစ်သလို American dark comedy ပုံစံမျိုးပဲ ဖြစ်ပါတယ်။ Rating အနေနဲ့ IMDb 5.1 /10ရရှိထားတဲ့ ဟာသ သရဲကားဆိုလည်း မှန်ပါတယ်။
ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ Scary Movie 3 ကို ကြည့်ပြီးသားသူတွေအနေနဲ့ စင်ဒီတစ်ယောက် အိမ်ထောင်ကျသွားပြီး သူ့သူငယ်ချင်း ဘရန်ဒါလည်း သေဆုံးသွားခဲ့ပါတယ်။ သို့သော် ဇာတ်လမ်း၏အစတွင်ပင် ဂြိုဟ်သားများက လူ့ကမ္ဘာကြီးအား ထိုးဖောက်ဝင်ရောက်ဖျက်ဆီးရန်ကြိုးပမ်းနေပြီး လူသားတို့အားသေကြေပျက်စီးခြင်းကိုဖြစ်စေချင်နေကြသည်။ စင်ဒီ၏အမျိုးသားဂျော့ချ်သည်လည်း သေဆုံးသွားခဲ့သည်။ ကိုဒီလည်း စစ်တပ်ကျောင်းတစ်ခုကို တက်ရခြင်းကြောင့် စင်ဒီတစ်ယောက်အဖော်မဲ့နေခဲ့သည်။ ထိုစဥ် ခဲအိုဖြစ်သူထဲမှအလုပ်အင်တာဗျူး တစ်ခုမိတ်ဆက်ပေးမှုဖြင့် အိမ်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းသို့ဆက်သွယ်ဖြစ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျိန်စာတိုက်ခံရသောအိမ်ဟု နာမည်ကြီးနေသော မစ္စနောရစ်ရဲ့အိမ်တွင် ဘာမှမသိသူ စင်ဒီတစ်ယောက် အလုပ်လုပ်ခဲ့ရသည်။
ထိုစဥ်စင်ဒီတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ…သည်ကျိန်စာအတိုက်ခံရသောအိမ်ကား မည်ကဲ့သို့သော အိမ်ဖြစ်သနည်း။ တစ်နေ့တွင်အလုပ်လုပ်နေတုန်း ဂြိုဟ်သားတို့၏ကျူးကျော် ဝင်ရောက်မှုကို ကြုံတွေ့လိုက်ရသော စင်ဒီတစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ။ သူ့၏အထီးကျန်နေသော နှလုံးသားကို ဘယ်သူက စောင့်ရှောက်ပေးမလဲ။ သည် Scary Movie 4 ကလည်း အတော်ရယ်ရသည့် Movie လေးပင်ဖြစ်တာကြောင့် ရယ်လည်းရယ်ရသလို ကြောက်စရာလည်းကောင်းသည်မို့ သရဲကားကြိုက်သူအတွက် လက်မလွတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း တိုက်တွန်းလိုက်ပါရစေ။