Shao Lin Xiang Mo (2020)

Genre: Action
Downloads 12251K Views

flower

Shao Lin Xiang Mo (2020)
=========================
တရုတ်ကား အသစ်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်ကတော့ Shao Lin Xiang Mo တဲ့။ ဇာတ်ကားရဲ့ အသေးစိတ်ကိုရှာလို မတွေ့တော့ Rating ဘာညာတော့ ရေးပြလို့ အဆင်မပြေတော့ပါ။ အဲ့လိုဆိုတော့ ဇာတ်လမ်းလေးအကြောင်းပြောပြမယ်။

ရှောင်လင်ဘုန်းကြီးလေး တစ်ပါးရှိတယ်။ သူ့ဆီမှာ ငယ်ငယ်ကတည်းက သူ့ကို ကြိတ်ကြွေနေတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်။ နာမည်ကတော့ ဆုဆုတဲ့။ ဆုဆုလေးက ငယ်စဥ်ကတည်းက ရှောင်လင်ဘုန်းကြီးလေး ဟွိန့်ဟိုင်ကို အသေရရ အရှင်ရရပဲ။ အဲ့ဒီကနေ အရွယ်ရောက်လာတဲ့အထိ ဆုဆုလေးက ဟွိန့်ဟိုင်ကိုဆို အရမ်းကြိုက်။ ဟွိန့်ဟိုင်ကတော့ ဘုန်းကြီးဖြစ်တဲ့အတွက် အဲ့လိုတွေ လက်မခံဘူးပေါ့။ အဲ့ဒီနောက်မှာတော့ တရုတ်ကားထုံးစံအတိုင်း မြတ်စွာဘုရားကို ဆန့်ကျင်တဲ့ မိစ္ဆာတစ်ယောက်ရဲ့ ရန်ကြောင့် ပြည်သူတွေ သေကြေရပါတော့တယ်။ အဲ့ဒီ မိစ္ဆာကို နှိမ်နင်းဖို့တာဝန်က ဟွိန့်ဟိုင်ပုခုံးပေါ်ကို အလိုလိုကျလာတယ်ဆိုပါတော့။

ဒါကတော့ ဗဟုသုတအနေနဲ့ပါ။ ကျွန်တော်လဲ ဒီဇာတ်ကားကြည့်ဖြစ်မှ ရှာဖတ်ရင်းသိတာပါ။ အစက ဆုဆုကိုမြေမြိုမဲ့ ကောင်မလေးဆိုပြီးတွေးနေမိတာ။ ပြီးမှသိလိုက်ရတာက ရှောင်လင်ကိုယ်တော်တွေက လက်ထပ်လို့ရတယ်ဆိုတာပါပဲ။ ဘုရားကျောင်းမှာတော့ အဲ့လိုကိစ္စတွေကို တားမြစ်ထားတယ်ဆိုပေမဲ့ ဘုရားကျောင်းကို စွန့်ခွာလိုက်ရင်တော့ ဘုန်းကြီးဆိုတဲ့ ဂုဏ်ပုဒ်ကမညှိုးနွမ်းသွားပဲနဲ့ လက်ထပ်လို့ရတယ်လို့ဆိုပါတယ်။ ဒါလေးကတော့ ဆုဆုကို ပြောနေကြမှာစိုးလို့ ရှာဖတ်ပြီးရေးပေးထားတာပါ။ ဇာတ်အိမ်ကတော့ အခိုင်ကြီးမဟုတ်ပေမဲ့ တရုတ်ကားတို့ရဲ့ ထုံးစံအတိုင်း ဆုဆုလေးကို ကြည့်ရတာနဲ့တင်တန်ပါတယ်။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။