• action
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img

Shawn Mendes In Wonder (2020)


ကြည့်ရှုလိုပါက နှိပ်ပါ

Shawn Mendes:In Wonder(2020)
============================

မနေ့ကမှ Netflix မှာ ပူပူလောလောထွက်ရှိထားတဲ့ Documentary Movie လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
Shawn Mendes ဆိုတဲ့နာမည်ကို မသိသူမရှိလောက်ပါဘူး။ သူဟာအဆိုပညာရပ်မှာရော သီချင်းရေးစပ်တဲ့နေရာမှာပါ
သူမတူအောင်ထူးချွန်လှတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့နာမည်ကြီးသီချင်းတွေဖြစ်တဲ့ “Treat You Better,Stitches,If I Can’t Have You,Señorita” အစရှိတဲ့
သီချင်းတွေဟာလည်း ကမ္ဘာတစ်၀န်းမှာ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ်။ World Tour ပေါင်းများစွာကိုလည်း
အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

Shawn ဟာ အခုဆိုရင် အစဥ်အလာကြီးမားတဲ့ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိထားပါပြီ။
သူဒီလိုအောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ဖြတ်သန်းခဲ့ရတဲ့သူ့ဘ၀အကြောင်း သူ့မိသားစုအကြောင်း
သူ့သူငယ်ချင်းတွေအကြောင်း ပြီးတော့ သူ့ရဲ့ Relationship အကြောင်း ထပ်ပြီးတော့ အဆိုတော်ဘ၀မှာသူရင်ဆိုင်နေရတဲ့
အခက်အခဲတွေအကြောင်းကို စုံစုံလင်လင်ချပြသွားခဲ့ပါတယ်။

ဒီအကြောင်းတွေကိုချပြရာမှာ Documentary Movie ဆိုတဲ့အတိုင်း ဟိတ်ဟန်လုံးဝမရှိဘဲ အရှိကိုအရှိအတိုင်း
သဘာ၀ကျကျဖော်ပြခဲ့တာဟာ တော်တော်ကိုလေးစားဖို့ ကောင်းပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့
ရင့်ကျက်နေပြီဖြစ်တဲ့ Shawn ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။

အရမ်းကောင်းလွန်းတာမို့ ထွေထွေထူးထူးညွှန်းမနေချင်တော့ပါဘူး အချိန်ပေးကြည့်ရတာတန်လွန်းတဲ့
Documentary Movie လေးတစ်ပုဒ်လို့ပဲ နိဂုံးချုပ်ညွှန်းဆိုလိုက်ပါမယ်

ကြည့်ရှုလိုပါက နှိပ်ပါ