ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ “Shooting Girls” ဆိုတဲ့ korea ရုပ်ရှင်ကားပဲ
ဖြစ်ပါတယ်တယ် ဒါရိုက်တာအနေနဲ့ကတော့ Bae Hyo Ming ကရိုက်ကူးပြီး
The prison ကားထဲက မင်းသားဖြစ်တဲ့ Jung Woong In က အဓိကသရုပ်ဆောင်ထားပါတယ်
တောင်ကိုရီးယား နိုင်ငံအနေနဲ့ကတော့ အားကစားနဲ့
ပတ်သက်တဲ့ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုက အလွန်နည်းပါတယ်။
ဒါပေမယ့် ဒီဇာတ်ကားကို ပြသတဲ့အခါမှာ Box Office မှာနာမည်ကြီးလူကြိုက်များတဲ့ ကားတစ်ကားဖြစ်လာပါတယ်
ဒီလမ်းကိုတော့ အမျိုးသမီး ဘောလုံးအားကစားသမားတွေရဲ့ အကြောင်းကို အခြေခံယူပြီး ရိုက်ကူးထားတာပါ
ဆမ်ရယ်မိန်ကလေးအထက်တန်းကျောင်းက ကျောင်းသူတွေကို စုပြီး ဖွဲ့ထားတဲ့ ဘောလုံးအသင်းတစ်သင်းက
ပြိုင်တဲ့ပွဲတိုင်းရှုံးနေလို့ လူအများကြားမှာ လှောင်ပြောင်စရာတစ်ခုဖြစ်ခဲ့ပါတယ်။
သူတို့တွေ အနေနဲ့ နိုင်ငံလက်ရွေးစဥ် အားကစားသမားတွေ ဖြစ်ဖို့အတွက် ဘယ်လိုတွေ
ကြိုးစားကြလဲ တကယ်ရော နောက်ဆုံးမှာ သူတို့ရည်မှန်းချက်တွေက ပြည့်ဝသွားကြရဲ့လား …
အစရှိတာတွေကိုတော့ ဒီဇာတ်ကားလေးကိုကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်စေလိုပါတယ်ရှင်။
ကြည့်ရှုလိုပါက နှိပ်ပါ