Skylines (2020)
=============
IMDb Rating – 5.5/10
#Unicode
Sci-fi , Adventure ကား ကြိုက်သူတွေ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်းတစ်ခုပါပဲ။
Skylines မူဗီဟာ 2010, 2017 တို့မှာ နှစ်ကားထွက်ရှိထားခဲ့ပြီး . အခု 2020 မှာတော့
နောက်ထပ်ထွက်ရှိလာပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ ရို့စ် ကောလီ ဟာ ဂြိုလ်သားနဲ့မျိုးစပ်ဖြစ်ပြီး အရွယ်ရောက်တာ
မြန်လွန်းလို့ အရွယ်ရောက်တာ နှေးအောင် သွေးသွင်းနေရတဲ့သူ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ရို့စ်ဟာ သူရဲ့အမျိုးအနွယ် ဂြိုလ်သားတွေ ထောင်ပေါင်းများစွာကို သူ့လက်နဲ့
စီရင်ခဲ့ရပါတယ်။ အခု ၅ နှစ်အကြာမှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဂြိုလ်သားတွေ နဲ့ ကမ္ဘာမြေ
အကြား ပြဿနာတွေပေါ်ပေါက်လာတဲ့အခါမှာတော့ ရို့စ်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲ
ဆိုတာကိုတွေ့မြင်ရမှာပါ . . .
ဒီဇာတ်လမ်းထဲမှာ သဘောကျတဲ့စကားတစ်ခွန်း ရှိပါတယ်။
“စစ်တိုက်ရတာ လွယ်တယ် ငြိမ်းချမ်းရေး ယူရတာ ခက်တယ်” ဆိုတဲ့ စကားပါပဲ။ ရို့စ်နဲ့ အဖွဲ့ကရော
ဒီပြဿနာကို ဘယ်လိုရှင်းနိုင်ကြမှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ကြပါစို့။
IMDb – 5.5/10 ရရှိထားပြီး Popularity က တောက်လျှောက်တက်နေတာပါ။
သိပ္ပံကားထဲမှာတော့ အတော်လေး မဆိုးဘူးလို့ပြောလို့ရမယ့် ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။
ကြည့်ရှုလိုပါက နှိပ်ပါ