Genre: | Crime, Drama, Horror, Mystery, Thriller |
---|---|
Downloads | 13888K Views |
Smiley Face Killers (2020)
==========================
ပရိတ်သတ်တွေကို အခုတင်ဆက်ပေးမှာကတော့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ Smiley Face Killers ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ဒီကားရဲ့ အစမှာ စိတ်ပိုင်းဆိုင်ရာနေမကောင်းဖြစ်နေတဲ့ ဂျိတ်ခ် ဆိုတဲ့ ကောင်လေးက သူ့ရဲ့စိတ်ရောဂါဆရာဝန်နဲ့ မတွေ့တော့ဘူး။
ဆေးတွေပုံမှန်မသောက်တော့တဲ့အတွက် စိတ်အခြေအနေ ပုံမှန်မဟုတ်ပဲ စိတ်ဓါတ်ကျသလို စိတ်ဖိအားများသလို ဖြစ်နေပါတယ်။
ဒါကို သူပါတ်ဝန်းကျင်က လူတွေအကုန်လုံးသိကြတယ်။ သူငယ်ချင်းဖြစ်သူ အက်ဒမ် ကလည်း သူ့ကိုပျော်အောင်ထားတယ်။
သူ့ကောင်မလေး ဖြစ်တဲ့ ကာရန် ကလည်း ဂရုတစိုက်နဲ့ အမြဲ ကူညီပေးတယ်။ တစ်ရက်တော့ ဘယ်သူပို့မှန်းမသိတဲ့ စာတွေ သူ့ဖုန်းထဲကိုဝင်လာပါတယ်။
သူအခန်းထဲကိုတစ်ယောက်ယောက် ခိုးဝင်သွားသလိုတွေကို သတိထားမိလာတယ်။ အဲဒီလိုတွေဖြစ်ပြီး နောက်တစ်နေ့ မှာပဲ သူ့နဲ့တစ်အိမ်ထဲနေတဲ့
ဒက်ဗန် ဆိုတဲ့ အခန်းဖော်က သူအပြင်သွားနေတဲ့အချိန်မှာ ရက်ရက်စက်စက်အသတ်ခံလိုက် ရပါတယ်။
ဘယ်သူက ဒက်ဗန် ကိုသတ်သွားတာလဲ။ သူ့ကိုစာတွေ့ပို့နေတာရော ဘယ်သူလဲ။ ဒီရှုပ်ထွေးမှုနောက်ကွယ်က ဘာလဲ။
ဘယ်အရာက အမှန်တရားဖြစ်မလဲ ဆိုတာကို ပရိတ်သတ်တို့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။