Spawn

Genre: Action, Horror
Downloads 695K Views

ပထမဆုံးပြောရမယ်ဆိုရင် အခုမိတ်ဆက်ပေးမယ့် ဇာတ်ကောင်ကတော့

Hero မဟုတ်တဲ့ Anti Hero တစ်ယောက်ပါ……

သူ႕နာမည္က Spawn

သူဟာကောင်းကင်ဘုံနဲ့ငရဲဘုံကြားဖြစ်လာတဲ့စစ်ပွဲမှာ

ငရဲစစ်တပ်ကိုဦးဆောင်မယ့်လူအဖြစ်မွေးဖွားလာခဲ့ပါတယ်…လူတစ်ယောက်ဖြစ်နေတဲ့အချိန်မှာ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား

တစ်ယောက်ဖြစ်ပြီးတော့ သူသေဆုံးသွားပြီးတဲ့နောက်မှာတော့

သူဟာ ငရဲပြည်ကိုရောက်ပြီး ငရဲဘုံကနေစွမ်းအားတွေရရှိလာခဲ့ပြီး

ငရဲစစ်တပ်ကိုဦးဆောင်မယ့် Spawn  အဖြစ်ပြန်လည်မွေးဖွားလာပါတယ်….

သေဆုံးသွားတယ်ဆိုတာထက် သူဟာလုပ်ကြံခံခဲ့ရတာပါ..

အပြင်းထန်ဆုံးမီးလောင်ပေါက်ကွဲမှု့ကြားထဲမှာ တကိုယ်လုံးမီးအရှို့ခံရပြီးတော့

သေဆုံးခဲ့ရပါတယ်..

ဒါကြောင့် သူ့တကိုယ်လုံးဟာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတော့

သူငရဲဘုံကနေစွမ်းအားတွေရပြီးပြန်လာခဲ့အချိန်မှာတော့

လူတောတိုးလို့မရတော့တဲ့အခြေနေဖြစ်သွားခဲ့ပါတယ်…

ဒါဆို Spawn ရဲ့စွမ်းအားတွေကို လေ့လာကြည့်လိုက်ရအောင်…

ငရဲတပ်ကိုဦးဆောင်ဖို့အတွက်မွေးဖွားလာတဲ့ Anti Hero ပါ…

လုပ်ကြံသတ်ဖြတ်ရေးသမားတယောက်ဖြစ်ပြီးတော့

သူသေဆုံးတဲ့အချိန်မှာ ငရဲကနေအစွမ်းတွေရလာတာဖြစ်ပါတယ် ….

Wolverine Deadpool တို့လို့ အနာကျက်မြန်ဆန်ပြီး

ချွန်ထက်တဲ့ စတီးကြိုးတွေ ဓားတွေက သူ့စိတ်ထဲမှာရှိတဲ့အတိုင်း

အခြေခံပြီး သူ့တကိုယ်လုံးကနေထွက်ပေါ်တတ်ပါတယ် …

ရှည်လျားကြီး အထာကျလွန်းတဲ့ သူ့ရဲ့ဝတ်ရုံက

green lantern လို သူလိုချင်တဲ့ပုံစံကိုပြောင်းပေးနိုင်ပါတယ် ….

ငရဲကစွမ်းအားတွေကို ရရှိထားတဲ့Spawn  ကလူကောင်းမဟုတ်သလို

လူဆိုးလို့လဲပြောလို့မရပါဘူး …

super hero ဇာတ်လမ်းတွေကြိုက်တဲ့လူတွေအတွက် 

ဒီကားက ကြည့်လို့ကောင်းမယ့်ကားတစ်ကားလို့ညွှန်းပါရစေ….

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။