Genre: | Comedy |
---|---|
Downloads | 9141K Views |
ဂျင်ဟယ်တို့ မိသားစုလေးက အရမ်းကိုပျော်ရွှင်ကြတဲ့မိသားစုလေးပေါ့
အမေရယ် အဖေရယ် အစ်ကိုရယ် အစ်မရယ် တစ်ယောက်တစ်မျိုးစီ ပုံစံရှိကြပေမယ့် အဖေနဲ့အမေကတော့ အရမ်းချစ်ကြတာပေါ့
တစ်နေ့မှာတော့ မင်ဟီးလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် အိမ်ဘေးကိုပြောင်းလာခဲ့ပါတယ်
အဲ့မိန်းကလေးက ဂျင်ဟယ်အဖေနဲ့အရင်ကသိတဲ့လူပေါ့ အရမ်းလည်းလှတယ်
သူကပန်းချီဆရာမ တစ်ယောက်ဖြစ်တာမို့ ဂျင်ဟယ်အဖေကို မော်ဒယ်လ်လုပ်ဖို့အကူအညီတောင်းပါလေရော
အဲ့လိုနဲ့ ဂျင်ဟယ် အဖေတစ်ယောက် သူ့မိန်းမ မသိအောင်မော်ဒယ်လ်လုပ်ပေးရာက အထင်လွဲတာလေးတွေဖြစ်ပြီး ပြဿနာတွေတက်ပါတော့တယ်
မိသားစုတွေကြားထဲမှာလည်း ဘာမဟုတ်တာလေးတွေနဲ့ အထင်တွေလွဲနေကြပြီး စိတ်ဆိုးလိုက်ပြန်ချော့လိုက် ရယ်လည်းရယ်တဲ့ကားလေးမို့ ကြည့်လိုက်ကြပါဦးနော်…။