Genre: | Action, Animation, Science Fiction |
---|---|
Downloads | 39818K Views |
မနေ့ညက ပရိသတ်တွေအတွက် လက်လွှတ်မခံသင့်တဲ့ DCFandome ကြီးပြီးသွားခဲ့ပါပြီ။ ကြည့်ပြီးတဲ့လူတွေရှိသလို မကြည့်ရသေးတဲ့လူတွေကလဲ Facts လေးတွေ Trailer လေးတွေရှာပြီး သွားကြည့်လိုက်ပါဦး။
ပွဲနေ့မှာပဲ ထွက်ရှိလာတဲ့ DC က ရုပ်ရှင်ကတော့ Superman: Man of Tomorrow ပါ။ DCAMU ကလဲ ထုတ်စရာတွေထုတ်ပြီး သွားစရာရှိတာတွေ သွားနေသလိုပဲ Stand-alone films တွေကလဲ ဆက်သွားနေဆဲပါ။
Superman: Man of Tomorrow မှာတော့ Superman စပြီးဖြစ်တည်ခဲ့တဲ့ အကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။ လယ်တောထဲက လင်မယားနှစ်ယောက်ကကောက်ရခဲ့တဲ့ ကလေးတစ်ယောက်ကနေ Metropolis မြို့ရဲ့ သူရဲကောင်းကြီး Superman ဘယ်လိုဖြစ်လာတယ်ဆိုတဲ့အကြောင်းပါ။ Superman အပြင် မပါမဖြစ်ကတော့ Lois Lane ပါ။ Lois အပြင်နောက်ထပ်ပါကြမှာကတော့ Lex Luthor Lobo Martian Manhunter နဲ့ Parasite တို့ပဲဖြစ်ပါတယ်။
Stand-alone films ဖြစ်တဲ့အတွက်ကြောင့် ရှေ့ကရုပ်ရှင်တွေလဲ ပြန်နွှေးစရာမလိုသလို ပေါ့ပေါ့ပါးပါးနဲ့ Superman နဲ့ Metropolis ရဲ့ ပြည်သူတွေ ဘယ်လို စတင်ပြီးတွေ့ဆုံသွားကြတယ်ဆိုတာကို DC ပရိသတ်တွေ ကြည့်ရှုပေးကြပါဦး။