Suraj Pe Mangal Bhari (2020)
****************************
IMDb…6.0
မဒူမန်ဂလ်ရာနေး ဆိုတဲ့သူဟာ မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းထောက်လှမ်းရေး လုပ်ပေးတဲ့ သူတစ်ယောက်ပါ။
သမီးရှင်တွေက သူတို့သမီးနဲ့ ပေးစားမဲ့သူက သင့်တော်လား မသင့်တော်ဘူးလားဆိုတာကို
သိရဖို့အတွက် မဒူမဂန်လ်ရာနေးကို အလုပ်အပ်ကြပါတယ်။
မန်ဂလ်က ရုပ်ဖျက်ပြီး သတို့သားလောင်းရဲ့ အကြောင်းကိုစုံစမ်းပြီး ကောင်းရင် ကောင်းသလို
မကောင်းရင် မကောင်းသလို သက်သေအထောက်အထားနဲ့တကွ သမီးရှင်ကိုတင်ပြရပါတယ်…များသောအားဖြင့် သိတဲ့အတိုင်း ယောင်္ကျားလေးဆိုတာမျိုးက မကောင်းမှုတစ်ခုခုကိုမွေ့လျော်နေတတ်တာမို့
မန်ဂလ်ကြောင့် ပျက်သွားတဲ့ လက်ထပ်ပွဲတွေမနည်းပါဘူး…ကြာလာတော့ ပွဲပျက်တာကိုတောင်
ပျော်ချင်ချင်ဖြစ်လာပါတယ်…ဒီလိုနဲ့ နောက်သတို့သားလောင်း စုံစမ်းပေးဖို့ လာအပ်ပါတယ်…ထုံးစံအတိုင်း
စုံထောက်ကြီး မန်ဂလ်ကြောင့် ပွဲပျက်သွားလေရဲ့…အရင်လိုပဲ အေးဆေးလေးပြီးသွားမယ်လို မန်ဂလ်ထင်ခဲ့တာက
အမှားကြီးမှားတာပါပဲ…ဘာလို့ဆို ပွဲဖျက်ခံရတဲ့သတိုးသားလောင်းဟာ ဒီကိစ္စရဲ့ရင်းမြစ်ကိုစုံစမ်းတော့တရားခံဟာ
မန်ဂလ်ကြောင့်သိသွားတဲ့အခါမှာတော့ နည်းမျိုးစုံနဲ့လက်တုံပြန်ပါတော့တယ်..
ဒီကားက ဟာသ အချစ်ကားလေးပါ ..ရယ်လည်းရယ်ရသလို ဇာတ်လမ်းလေးလည်းကောင်းပါတယ်…
ကြည့်ရှုလိုပါက နှိပ်ပါ