Taxi Driver (1976)

Genre: Crime, Drama
Downloads 5102K Views

Taxi Driver (1976)

IMDb 8.3/10______Rotten Tomatoes 96%

Nominated for 4 Oscars. Another 21 wins & 15 nominations

” စကားပြောမလို့လား “

 

“အင်း , ကျွန်တော်တစ်ယောက်တည်းပါပဲဗျာ “

ဒီစကားလုံးလေးနှစ်ခုဟာ လျှာဖျားကလေးလှုပ်ပြီး ဖတ်လိုက်ကြားလိုက်ရချိန်မှာ ဘာမှမဟုတ်သယောင်ထင်ရပေမယ့် ယခု ဇာတ်ကားတစ်ခုလုံးအတွက်တော့ အရေးကြီးဆုံး စကားလုံးနှစ်ခု ဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ကတော့ ဘယ်တော့မှ မေ့ပျောက်နေမှာမဟုတ်တော့ဘဲ တသသ ဖြစ်ကျန်ခဲ့ရတဲ့ တက္ကစီ ဒရိုင်ဘာလေး ထရာဘစ်စ်ရဲ့ စကားလုံး နှစ်ခုဖြစ်ပါတယ်လို့ပဲ ဆိုရပါ့မယ်။ပြောရရင် တက္ကစီဒရိုင်ဘာလေးရဲ့ ဘဝအနေအထားနဲ့ စိတ်ပဋိသန္ဓေမှာ အမြစ်တည်ကြီးထွားဖို့လိုအပ်နေတဲ့ နွေးထွေးပျော်ရွှင်မှု စိတ်အာဟာရတွေ ပေါ့ပါးစွာခြေဆန့်နိုင်ဖို့။လူလောကအလယ်မှာ အခြားသောလူသားတွေလို အံဝင်ခွင်ကျ ဝင်ဆံ့ချင်လိုမှု တွေကို အသောနှင် ပိုင်ဆိုင်ချင်နေကြောင်းကို ပြည့်ပြည့်ဝဝ ပြဆိုလိုက်တဲ့ စကားနှစ်ခုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ဒါပေမယ့် တက္ကစီဒရိုင်ဘာလေးခမျာမှာတော့ ရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။

ယခုရုပ်ရှင်ထဲက ဒရိုင်ဘာလေး ထရာဘစ်စ်ဟာ လိင် | စကားလုံး ချိတ်ငင်မှု | ပျော်ရွှင်မှု |ရယူပြည့်ဝမှု စတဲ့ လူသဘာဝကြီးထဲက လူသားအများစုတိုင်း ရရှိရမှာ ဖြစ်တဲ့ ယင်းကဲ့သို့သော ယေဘုယျအချက်အလက်တွေကို ရရှိပိုင်ဆိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် မျှော်လင့်မှု ရဲ့ အဆုံးသတ်ရလဒ်တွေက ရှုံ းနိမ့်ကြေကွဲခြင်းပဲ ဖြစ်ခဲ့ရတယ်။ဗီယက်နမ်စစ်မြေပြင်ကနေ ကယောင်ချောက်ချားနဲ့ ပြည်တော်ပြန်လာတယ်။အဲဒီကနေ အိပ်မပျော်တဲ့ရောဂါတစ်ခုကို စွဲကပ်လာခဲ့တယ်။အိပ်မပျော်တဲ့သူဖြစ်လေတော့ သူ့အတွက် အဆင်ပြေဆုံး အလုပ်က ညပိုင်းအငှားကားမောင်းခြင်းက အကိုက်ညီဆုံး လုပ်ငန်းတစ်ခု မဟုတ်ပါလား။အဲဒီလိုနဲ့ သူဟာ တက္ကစီမောင်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တော့တယ်။မြို့ပြညဟာ အချိန်မြင့်လာတာနဲ့အမျှ မှိုင်းမှုံ ရီဝေလာသယောင် ရှိပေမယ့် အမှောင်ကာလပိုင်းရောက်မှသာ အသက်ဝင်နိုးကြွသူတွေလည်း ရှိကြပါတယ်။ဆေးသမားတွေ ။ပြည့်တန်ဆာတွေ။ဖောက်သည်ရှာပေးနေတဲ့ ပြည့်တန်ဆာခေါင်းတွေ စသဖြင့်ပေါ့ ။သူတို့က ညကိုမှီခိုပြီး အလုပ်လုပ်ကြတဲ့သူတွေပါပဲ။သူ့ရဲ့တက္ကစီကလေးက မြို့ပြရဲ့ အလင်းမှန်ကူကွက်တွေကြားမှာ တိုးဝင်လူးလွန့်နေတဲ့ မြွေငယ်ကလေးတစ်ကောင်ဖြစ်ပါတယ်။

လူဆိုတဲ့သဘာဝဟာ ကိုယ်မျှော်လင့်ချက်အပြည့်အဝထားပြီး လုပ်ကိုင်သမျှက ထင်သလိုဖြစ်မလာတဲ့အခါမှာ မိမိကိုယ်မိမိယုံကြည်စိတ်မဲ့လာတယ်။သိမ်ငယ်လာတယ်။အရာရာကို အပြစ်မြင်လာတယ်။ငြူ စူမိလာတယ်။အမှားတွေကို ကျူ းလွန်ဖို့ပဲ စိတ်ကသွေးဆောင်လာတာ သဘာဝပါပဲ။သူအနေနဲ့လည်း လူသားတစ်ယောက်ပဲလေ။မိန်းမလှလှလေးတစ်ယောက်ယောက်နဲ့ စကားဖောင်ဖွဲ့ချင်မှာပဲ။လိင်ဆက်ဆံချင်မှာပဲ။နီးစပ်ရာလူ့ပတ်ဝန်းကျင်က လူသားတွေနဲ့ ကျွမ်းဝင်မိတ်ဖွဲ့ချင်တာပဲလေ။ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ပြည့်တန်ဆာမလေးတစ်ယောက်ကို မြင်မိရာက ခင်မင်စိတ်ဝင်သွားခဲ့တယ်။ဒါပေမယ့် သူကို မကောင်းဆိုးဝါးတစ်ယောက်ကို မြင်သလိုဟန်ပန်မျို းနဲ့ ထွက်သွားတယ်။နောက်ထပ် သမ္မ္မတဖြစ်ဖို့ ကြို းစားနေသူဆိုတဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ရုံးမှာ မဲဆွယ်တဲ့အလုပ်လုပ်ကို လုပ်ကိုင်ပေးနေတဲ့ကောင်မလေးတစ်ယောက်ကိုလည်း မိတ်ဆွေဖွဲ့ခဲ့တယ်။အစပိုင်းကတော့ အဆင်ပြေတော့မယောင်ရှိပါတယ်။ဒါပေမယ့် အဲဒီမိန်းကလေးကလည်း သိပ်မထူးပါဘူး။ယောကျာ်းသားတစ်ယောက်ရဲ့ တစ်သီးပုဂ္ဂလဆိုင်ရာ ပြု မူမှု ကို အပြစ်လို့ဘာကြောင့်ယူဆမိတတ်ကြတယ်မသိဘူး။သူက အားလပ်တဲ့အချိန်မှာ အပြာရုပ်ရှင်ရုံသွားပြီး အပြာကားတွေ ကြည့်လေ့ရှိတယ်။ဒါက အပြစ်တစ်ခုလို့ သတ်မှတ်သလား မဆိုနိုင်ပါဘူး။အခြားအရွယ်ရောက်ပြီးသား စုံတွဲတွေလည်း လာပြီး ကြည့်ကြတာပဲလေ။သူလည်း သူတတ်မြောက်တဲ့ မိတ္တဗလဋီကာက ဒါပဲရှိတယ်။အားလပ်ချိန်မှာ ကြုံ သမျှကို စာရေးမယ်။ကားမောင်းမယ်။အပြာကားကြည့်မယ်။ဘယ်သူကိုများထိခိုက်နေလို့တုန်း။အဲဒီကောင်မလေးကတော့ အပြာရုံထဲကနေ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတော့တာပဲ။

သူက မှန်တစ်ချပ်ရှေ့မှာ ရပ်နေမိတယ်။သူ့ဘာသာကြည့်ပြီး ရေရွတ်ပါတယ်။မင်းစကားပြောနေတာဘယ်သူလဲ တဲ့။သူက လူလောကရဲ့အပစ်ပယ်ခံတစ်ယောက်။လိပ်စာမရှိတဲ့ ဘဝမဲ့တစ်ယောက်လို့ သူကိုယ်သူ သတ်မှတ်လိုက်သလိုမျို းပါ။

ဒါရိုက်တာမာတင်စကော့စဆေးလ်ဟာ လူ့လောကရပ်ဝန်းထဲက အထီးကျန်အဆန်ဆုံး လူသားတစ်ယောက်ရုပ်ပုံလွှာကို အမေရိကန်ရဲ့ ရုပ်ရှင်ခေတ်ဦးမှာ ထာဝရဆန်းသစ်အသက်ဝင်နိုင်စေအောင် ပုံဖော်အသက်သွင်းနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ပရိသတ်တွေမြင်လိုတဲ့ /မြင်ရစမြဲဖြစ်တဲ့ အထင်ကရသူရဲကောင်းဇာတ်လိုက်တွေကနေ သီးသန့်အက့်အကန့်ထဲမှာရှိနေတဲ့ လူသားတစ်ယောက်ကို ဆွဲထုတ်ပြခဲ့ပါတယ်။ထရာဗစ်စ်နဲ့ ကျွန်တော်တို့ဟာ တစ်သားတည်း ဖြစ်သွားခဲ့ရပါတယ်။ကျွန်တော်တို့ဟာ ထရာဗစ်စ်ရဲ့ အထီးကျန်ဖြစ်မှု တွေကို အလိုလိုခေါင်းညိတ်သဘောတူခဲ့မိပါတော့တယ်။ဘာဖြစ်လို့လည်းဆိုတော့ လက်တွေ့ဘဝမှာလည်း ကျွန်တော်တို့လူသားအများစုဟာ စနက်တံမရှိတဲ့ဗြောက်အိုးကလေးတွေနဲ့ တိတ်တိတ်ပုန်းပေါက်ကွဲပြနေရတဲ့ စိတ်အမြုံ တွေသာများတဲ့ ဖောက်ခွဲရေးသမားကလေးတွေသာ ဖြစ်နေကြတာ မဟုတ်လား။

1976ခုနှစ်ကထုတ်လုပ်ဖြန့်ချီခဲ့တဲ့ ယခုရုပ်ရှင်ဟာ လက်ရှိအချိန်ကနေ ပြန်ကြည့်လိုက်ရင် နှစ်ပရိစ္ဆေဒ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဘယ်သောအခါမှ ရိုးအီသွားတာမျို း ခေတ်နောက်ကျသွားတော့တာမျို း မရှိပါဘူး။ကျွန်တော် ကြိမ်ဖန်များစွာ ကြည့်ဖြစ်ခဲ့တယ်။ကြည့်လိုက်တိုင်းလည်း ဒရိုင်ဘာလေး ထရာဗစ်နဲ့အတူ အမှောင်ကမ္ဘာကြီးထဲကို တစ်သားတည်း ထိုးဆင်းသွားရတယ်။အထီးကျန် စိတ်ငတ်မွတ်မှု တွေနဲ့ ဒေါသဖြစ်မှု တွေကို ထပ်တူခံစားခဲ့ရတယ်။

ဇာတ်ညွှန်းရေးဆရာ Paul Schraderအထူးလက်စွမ်းပြထားတဲ့ ယခုရုပ်ရှင်ဟာ 1956ကထုတ်လုပ်ခဲ့ဘူးတဲ့ ဒါရိုက်တာကြီး ဂျွန်ဖို့ဒ်ရဲ့ The Searchers ရုပ်ရှင်ကို ဆင့်ပွားဖန်တီးထားတယ်လို့ ဆိုပါတယ်။The Searchers ရုပ်ရှင်ဟာ ဟောလိဝုဒ်ခေတ်ဦး မင်းသားကြီး ဂျွန်ဝိန်းရဲ့ နာမည်အကြီးဆုံးရုပ်ရှင်ကားတစ်ကားဟု သတ်မှတ်နိုင်သလို နှောင်းခေတ်ရုပ်ရှင်တွေအပေါ်လည်း များစွာ လမ်းပြလွှမ်းမိုးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလို့ သတ်မှတ်ထားကြပါတယ်။အဲဒီရုပ်ရှင်ဟာ ထပ်တူအသက်သွင်းလာတဲ့ ကလဲ့စားချေမှုရဲ့ ဇာတ်လမ်းသွားတွေကို ဆန်းသစ်ပြောင်းလဲတဲ့ ကားတစ်ကား အရောင်နဲ့ဆိတ်ငြိမ်သော ပုံရိပ်များက အဖြေများစွာကို အလိုလိုထုတ်ပေးပြီးသား ဆိုတဲ့ Film Language ကို ညွှန်းဆိုပြတဲ့ကားတစ်ကားလို့ ပြောလို့ရနိုင်ပါမယ်။

ယင်းရုပ်ရှင်သွားဟာ ပြည်တွင်းစစ်က ပြန်လာချိန်မှာ မိသားစုအပေါ်သတ်ဖြတ်ပြီး မိသားစုဝင်တွေကိုပါ ပြန်ပေးဆွဲသွားတဲ့ တိုင်းရင်းသားသူပုန်တွေကို လိုက်လံကလဲ့စားချေတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။သူက ပျောက်ဆုံးသွားတဲ့ တူမကလေးကို လိုက်ရှာတယ်။တကယ်တွေ့ချိန်မှာတော့ ကောင်မလေးက ရန်သူနဲ့တစ်သားတည်းဖြစ်နေပြီ။သူ့အနေနဲ့ ပစ်သတ်ရမှာ မဟုတ်လား။ဒါပေမယ့် သူတူမလေးကို မြှောက်ချီပြီး ” လာအိမ်ပြန်ကြမယ်တဲ့ “။သူဟာ တူမကလေးနဲ့အတူ တိုက်ပွဲတွေထဲပါဝင်ခဲ့တယ်။တူမကလေးမိသားစုနဲ့ ဆုံချိန်မှာလည်း တံခါးဝနားမှာသာ မတ်တပ်ရပ်လို့။တူမကလေးနဲ့ပတ်သက်ပြီး ဘာတွေတွေးနေသလဲဆိုတာတော့ ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူးပေါ့။

Taxi Driver ထဲက ကားသမားလေး ထရာဗစ်စ်ကလည်း စစ်မှု ထမ်းဟောင်းတစ်ယောက်ပါပဲ။သူမုန်းတီးသွားတဲ့ ပြည့်တန်ဆာခေါင်းစပေါ့(Sport)ဆိုသူကလည်း အဲဒီရုပ်ရှင်ထဲက တိုင်းရင်းသား ခေါင်းပေါင်းကြီးနဲ့လေ။တူညီနေတယ်မဟုတ်လား။သူမှာလည်း အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာမလေးအိုင်းရစ်စ် (Jodie Foster) ကို ကယ်တင်ချင်တာပဲ။


အဲဒီကနေ သူမဲဆွယ်ရုံးက ကောင်မလေးတစ်ယောက်နဲ့ အဆင်ပြေမလို ဖြစ်တယ်။ဒါပေမယ့် သူ့ရဲ့ညံ့ဖျင်းမှု ကြောင့် ကောင်မလေးက ပစ်ပယ်သွားတယ်။ထိုအခါမှာ သူဟာ ပိုမိုပြီး စိတ်ဓါတ်တွေကျဆင်းလာတော့တယ်။ငါက အထီးကျန်မှု ဘုရားသခင်ပဲတဲ့။အထီးကျန်ခြင်းက ငါ့နောက်မှာ ။ငါသွားလေရာ အရက်ဘားတွေအထိ ထပ်ကြပ်မကွာ လိုက်ပါနေတော့တာပဲတဲ့ ။သူဟာ သမ္မ္မတလောင်းကို လုပ်ကြံဖို့။ဘဝအဓိပ္ပါယ်တစ်စုံတစ်ရာ ရရှိဖို့ ဆုံးဖြတ်ခဲ့တော့တယ်။ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ လုပ်တယ်။သေနတ်တွေဝယ်တယ်။ပစ်သတ်ဖို့ကြံရွယ်ထားတယ်။တကယ်လုပ်ကြံတဲ့အချိန်မှာတော့ အဆင်မပြေခဲ့ပြန်ဘူး။ယင်းကာလမှာသူ့စိတ်သူပြန်လည်ကယ်တင်ဖို့အခြေအနေကို အလိုလိုပြု မူခဲ့မိပြန်တယ်။ဘာလဲဆိုတော့ ပြည့်တန်ဆာမလေးကို ကယ်တင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာပါပဲ။The Searchers ထဲမှာ သတ်ဖို့ကြံရွယ်ခဲ့တဲ့ တူမကလေးကို ပြန်လည်ချီမြှောက်သလိုမျို းပေါ့။

ယခုရုပ်ရှင်ကို ဒါရိုက်တာမာတင်စကော့စဆေးလ်ဟာ သူရိုက်နေကျစတိုင်လ်အတိုင်းပဲ ဇာတ်ကောင်ရဲ့အမြင်ရိုက်ချက်တွေကို Slow motion နဲ့ပဲ သွားစေခဲ့တယ်။မီးပွင့်တွေနဲ့ ပြို းပြက်နေတဲ့ မက်ဟန်တန်ရဲ့ နီယွန်ညလမ်းတွေ။လမ်းဘေးထောင့်တွေမှာ မြူ ဆွယ်နေကြတဲ့ ပြည့်တန်ဆာတွေရဲ့မြင်ကွင်းတွေ။ပြည့်တန်ဆာတွေ လိင်မှုနဲ့ဆိုင်တဲ့ စကားလုံးတွေ ကို ထရာဗစ်စ် ကြားနေရပုံတွေ။ပြည့်တန်ဆာမလေး အိုင်းရစ်ကို တွေ့ဆုံချိန်မှာ သူအပြင်းအထန် စကားပြောချင်ပေမယ့် ပြန်လည်တုံ့ပြန်မှု မရှိတာတွေ ကို ဒိုင်ယာလောဂ့်တွေ မပါဘဲ Slow Motion ရိုက်ချက်တွေနဲ့ ထရာဗစ်စ်ရဲ့ အခြေအနေကို တစ်ခါတည်း နားလည်စေအောင် ပြဆိုနိုင်တာ ဒါရိုက်တာမာတင်ကြီးရဲ့ အကောင်းဆုံး ပါရမီတစ်ခုဟု ပြောရင် လွန်မယ်မထင်ပါဘူး။တစ်ခုတော့ ရှိတာပေါ့။Slow Motion ရိုက်ချက်တွေဟာ အများအားဖြင့် အချစ်ကားတွေမှာ မြင်နေကျ ရိုက်ချက်တွေပါ။သိပ်ပြီး ထူးခြားတဲ့ အခြေအနေတစ်ရပ်ကို ပေးနိုင်တာတော့မဟုတ်ဘူးလို့ ပြောလို့ရပေမယ့် မာတင်ကြီးကတော့ မပစ်ပယ်ဘဲ အံဝင်ခွင်ကျဖြစ်အောင် သုံးသွားခဲ့ပါတယ်။နောက်တစ်ခု မာတင်ကြီး လုပ်ပြသွားတာက
priest’s-eye-view ရိုက်ချက်တွေ ဖြစ်ပါတယ်။ထရာဗစ်စ် အိပ်ယာပေါ်က သေနတ်ကို ကြည့်တဲ့အခန်းတွေ။အနီရောင်ကာလာတွေ တောက်နေတဲ့ ပြည့်တန်ဆာတိုက်ခန်းတွင်း ပစ်ခတ်သတ်ဖြတ်ခန်းတွေကို အပေါ်စီးကနေ (ဆိုကြပါစို့ တရားဟော ဓမ္မဆရာက ခန်းမတစ်ခုလုံးကို မြင်နေတဲ့ အမြင်မျို း)ကင်မရာကို သွားစေပြီး ကြောက်မက်ဖွယ် သေဆုံးနေတာတွေကို ရိုက်ပြတဲ့ ရိုက်ချက်တွေက မာတင်ကြီးရဲ့ ဆန်းသစ်မှု တစ်ရပ်လို့ ပြောရမှာပဲ။(ဇာတ်ကားထဲတွင် မြင်လျှင်သဘောပေါက်ပါမည်)။

ထုံးစံအတိုင်း ယခုရုပ်ရှင်အဆုံးသတ်ဟာလည်း အငြင်းပွားစရာတွေနဲ့ပဲ ကျန်ရစ်ခဲ့ပြန်ပါတယ်။အထူးသဖြင့် တက္ကစီသမား ထရာဗစ်စ်ကို သတင်းစာသတ်မှတ်ချက်ထဲကလို သူရဲကောင်းတစ်ယောက်လား။အမှန်တရားဘက်တော်သားလား။တကယ်ပဲအသက်ရှင်ကျန်ရစ်ခဲ့တာတော့ ဟုတ်ရဲ့လား။ကျွန်တော်တို့ကပဲ သူ့ရဲ့သက်စွန့်ဆံဖျား သေအံ့မူးမူးကာလတွေကို စဉ်းစားခဲ့တာကို ပြချင်တာလား။သူအပေါ်ပစ်ပယ်ခဲ့တဲ့ ကောင်မလေးရဲ့ ချီးမွန်းစကားတွေကရော သူ့ရဲ့စိတ်ကူးထဲက ဖြစ်လိုမှု ပဲလား။

ကျွန်တော်တို့ ရှင်းလင်းစွာ အဖြေထုတ်နိုင်မှာ မဟုတ်ပါဘူး။ပြောလို့ရနိုင်တာကတော့ မာတင်ကြီး ဖန်တီးတဲ့ ဇာတ်ကောင်တွေဟာ အမှားတွေကြားမှာပဲ နေထိုင်ကြတယ်။ခွင့်လွှတ်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်ချင်ကြတယ်။ထရာဗစ်ကတော့ ဖြစ်တည်မှု နယ်ပယ်ထဲမှာပဲ နေထိုင်သွားမလား။ဒါမှမဟုတ် သူ့စိတ်နယ်ပယ်ထဲမှာပဲ ဘာမှနိဂုံကမ္ပတ် အဆုံးသတ်တာမျို း မရှိတော့ပဲ ဖြစ်ခဲ့လတ္တံ့သော အတိတ်အပိုင်းအစကလေးဖြစ် ထားရစ်ပြီး အသက်ဆက်ရှင်ခဲ့သလား ဆိုတာကတော့ ။

(ဝန်ခံချက် -အင်တာနက်မှ ဆောင်းပါးအချို့အား မှီငြမ်းရေးသားထားပါသည်။)

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။