Tazza 3 One Eyed Jack 2019

Genre: Crime, Drama
Download 54361

လောင်းကစားသမားတွေရဲ့ ဘဝကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားတဲ့ Tazza ရုပ်ရှင်ကားရဲ့ တတိယမြောက်ဇာတ်ကား Tazza 3: One Eyed Jackကို တင်ဆက်ပေးလိုက်ပါတယ် ။ကျွန်တော်တို့ သင်္ကြန်မိုးရုပ်ရှင်ကားထဲက မမေ့နိုင်စရာ Dialogueတွေထဲကတစ်ခုဖြစ်တဲဇာတ်ကောင်သက်ထွေးရဲ့ “အရက်သမားသား အရက်သမားဖြစ်ရတာ မဆန်းပါဘူးအဖေရာ” ဆိုတဲ့စကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ။အခုလည်း လောင်းကစားသမားရဲ့သား လောင်းကစားသမားဖြစ်ရတာမဆန်းဘူးဆိုပြီး နေ့ခင်းမှာ အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ကျောင်းတက်ရင်း၊ ညဘက်မှာ လောင်းကစားဝိုင်းထဲကို ရောက်နေတဲ့ Do Il-chulဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ လောင်းကစားဝိုင်းထဲမှာပဲ ကြီးပြင်းလာတဲ့ Madonnaဆိုတဲ့မိန်းက‌လေးတို့ရဲ့ ဆုံတွေ့မှုနဲ့ပဲ ဒီဇာတ်လမ်းကိုစထားပါတယ်…ကံကြမ္မာအလှည့်အပြောင်းကြောင့် Do Il-chulနဲ့ တကယ့်လောင်းကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ တစ်ဖက်လပ်ကြီး Aekkuနဲ့ ပူးပေါင်းမိသွားပြီး ‌လူရှုပ်လူပွေကြာကူလီလောင်းကစားသမား Kkachi၊ သရုပ်ဆောင်သင်တန်းတွေတက်ပြီး သရုပ်ဆောင်ဖြစ်မလာပဲ ကာစီနိုရုံမှာ Lucky Girlလုပ်နေရတဲ့ Young-mi နဲ့ လူလိမ်ကြီး ဒါရိုက်တာKwonတို့ ‌၅ယောက် ပေါင်းမိသွားပြီးကတုံးပေါ်ထိပ်ကွက်ဖို့ ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ကားထဲမှာပဲ စောင့်ကြည့်လိုက်ပါ…။“ကျွန်တော်ဘာလို့ ဖဲသမားဖြစ်နေရသလဲ ဟုတ်လား? ဖဲသမားမှန်ရင် ပိုကာဝိုင်းတစ်ဝိုင်းမှာ အတူတူထိုင်လိုက်ပြီဆိုကတည်းက သူဌေးသားရော သူတောင်းစားသားရော ဖဲ(၇)ချပ်ထပ် ပိုကိုင်လို့မရဘူးလေ

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။