Thaanaa Serndha Koottam 2018

Genre: Bollywood, Action
Download 78564


Thaanaa Serndha Koottam (2018)
<______________STM_____________>

Singam မင်းသား Suriya ရဲ့ ၂၀၁၈အသစ်စက်စက် အက်ရှင်ဇာတ်ကားကြီး

တကယ်တော့ဒီဇာတ်ကားဟာ အိန္ဒိယနိုင်ငံရဲ့အကျင့်ပျက်ချစားမှုတွေကို မီးမောင်းထိုးပြထားတဲ့ အက်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်

အိန္ဒိယနိုင်ငံမှာ ဘွဲ့ရပညာတတ်ပေါများသလောက် အစိုးရအလုပ်လုပ်ခွင့်ရသူကတော့ လက်တစ်ဆုပ်သာ ရှိပါသတဲ့

ဘွဲ့ရထားလို့ အရာရှိဝင်လျှောက်ရင် ငွေများများပုံအောပေးနိုင်သူက အလုပ်ရပါသတဲ့

ဒီလိုအကျင့်ပျက်တဲ့ အစိုးရဌာနတစ်ခုရှိတယ်

CBI- Central Bureau of Investigation စုံစမ်းထောက်လှမ်းရေးဌာနဟာ ရဲဌာနထက် ပိုအဆင့်မြင့်ပြီး ဒီဌာနမှာ အလုပ်လိုချင်တဲ့သူတွေ တန်းစီနေတယ်

အာနီယန်းဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်းကCBlအရာရှိဖြစ်ချင်ခဲ့တယ်

သူ့ အဖေက CBl ဌာမှာ ရုံးလုလင်တစ်ယောက် ဘွဲ့ရလို့ အရာရှိဝင်လျှောက်တဲ့အခါ

ဖခင်ရဲ့ ဖြောင့်မတ်မှန် ကန်မျှကြောင့် ကိုယ့်ရဲ့ လာဘ်စားမှုတွေပေါ်မှာ ကြောက်နေတဲ့အရာရှိကြီး အူတာမာန်နဲ့ ထိပ်တိုက်တိုးတယ် အာနီယန်း အင်တာဗျူး မအောင်ခဲ့ဘူး

အင်တာဗျူးမအောင်တာထက်သူ့ အဖေနဲ့ ပက်သက်ပြီး အရာရှိကြီးလှောင်ပြောင်ခဲ့တဲ့စကားကို အသည်းနာလှတယ်

ဒါ့ အပြင် ကိုယ့်နဲ့ အလုပ်အတူလျှောက်တဲ့ သူငယ်ချင်းက ပါအင်တာဗျူးမအောင်လို့ အိမ်နဲ့ အဆင်မပြေဖြစ်ပြီး suicide လုပ်သွားတော့ CBl အရာရှိ အူတာမာန်ကို စိတ်နာသွားတယ်

ဒီလိုနဲ့ ..နှစ်အနည်းငယ်ကြာတဲ့အခါနယ်ဘက်က ဝန်ကြီးအိမ်ကိုတစ်ခုမှာ CBl ဝင်ရောက်စီးနှင်းတာ ခံရပြီးလာဘ်စားထားတဲ့ ပစ္စည်းမှန်သမျှ CBlအရာရှိ အူတာမာန် နာမည်နဲ့ သိမ်းဆည်းတာ ခံလိုက်ရတယ်

နောက်မှသိလိုက်ရတာက ဝန်ကြီးအိမ်ကိုလိမ်တဲ့သူတွေက ဂိုဏ်းတစ်ခုနဲ့ ကျကျ နနပြင်ဆင်ယုတ္တိရှိရှိလိမ်ပြီး ဝန်ကြီးကိုတောင် ပါးရိုက်သွားတဲ့အထိအတင့်ရဲကြတယ်..

ဒါတင်မကဘူး နောက်ရက်အနည်းငယ်ကြတော့အကျင့်ပျက် လာဘ်စားတဲ့ အစိုးရလူကြီးအိမ်တွေကိုအူတာမာန် နာမည်သုံးပြီး ဝင်အစီးခံရပြန်တယ်

CBl အူတာမာန်ဆီကိုဒီအမူရောက်သွားတဲ့အခါကွင်းဆက်အတိုင်း လိုက်ပြီးဘယ်လိုဖြေရှင်းမလဲ

လက်သည်တရားခံကို ဘယ်လိုရှာဖွေမလဲဆိုတာစီးမျောလိုက်ပါခံစားရင်းဇာတ်လမ်းဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဇာတ်သိမ်း ပိုင်းအထိ ဆွဲခေါ်သွားတယ်

ဒီကားထဲက ဒိုင်ယာလော့တစ်ချို့ ကိုကောက်နျှတ်ဖော်ပြပေးလိုက်ပါတယ်

"အမှန်တရားကို ကိုင်တိုင်မြတ်နိုးပြီးလက်တွေ့ ကျင့်သုံးမယ်ဆိုရင်ဘာကိုမှ ကြောက်စရာမလိုဘူး

အရပ်ဘယ်လောက်ရှည်လဲဆိုတာအဓိကမကျဘူး

ဘယ်လောက်အမြင့် ကိုရောက်နိုင်လဲဆိုတာအဓိကကျတယ်"အင်နီယန်း

"ဘယ်လောက်အမြင့်ကပဲ ပျံပျံစာကလေးက စာကလေးသိမ်းငှက် သိမ်းငှက်ပဲ "CBl အရာရှိအူတာမာန်အားပေးလိုက်ကြပါဦး ခင်ဗျာ

Credit -> Channel Myanmar

logo
Channel Mandalay APK ကို downloadရန်နှိပ် ပါ။