CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့
Netflix က လောလောလတ်လတ်ထွက်ရှိထားတဲ့ ခရစ္စမတ် theme ဇာတ်ကားလေးဖြစ်ပါတယ်
2018 တုန်းကထွက်ရှိခဲ့တဲ့ The Christmas Chronicles ရဲ့အဆက်ပါ
( 2018 ဇာတ်လမ်းလေးကိုလည်း CMမှာပြန်ရှာကြည့်လို့ရတယ်နော် )
အေးစပြုလာတဲ့ဆောင်းတွင်းလေးနဲ့လိုက်ဖက်မယ့် ဇာတ်ကားလေးပါပဲ
ဒီဇာတ်ကားလေးထဲမှာဆိုရင် ကိတ်နဲ့ တက်ဒီတို့က သူတို့အမေရယ်
သူတို့အမေရဲ့ချစ်သူဘော့ဘ်ရယ်နဲ့အတူ ခရစ္စမတ်အပန်းဖြေခရီးထွက်လာတာပေါ့…
ခရစ္စမတ်အချိန်မှာ ပူနွေးတဲ့မက်ဆီကိုကမ်းခြေကို ခရီးထွက်လာရတဲ့အတွက်ကော
ဘော့ဘ်ကိုပါ အမြင်မကြည်တာကြောင့်ကော
True Believer လေး ကိတ်က စန်တာကလော့ခ်ဆီမှာ
သူ့ကိုဒီနေရာကခေါ်ထုတ်ပေးဖို့ဆုတောင်းပါတော့တယ်…
တခြားတစ်ဖက်မှာတော့ စန်တာကိုအရမ်းမုန်းတီးနေတဲ့ ဘယ်စနခ်ကယ်ဆိုတဲ့သူရှိပါတယ်
သူက စန်တာနဲ့အတူစွန့်စားခန်းတွေဝင်ခဲ့တဲ့ ကိတ်ကို ပြန်ပေးဆွဲပြီး
စန်တာကို ဒုက္ခပေးဖို့ ကြံစည်နေတာပေါ့…
ကိတ်ရဲ့ဆုတောင်းကို စန်တာက တကယ်ကြားသွားမလား
ဘယ်စနခ်ကယ်ရဲ့အကြံအစည်တွေပဲ အောင်မြင်သွားမလား
ဘယ်စနခ်ကယ်ကရော ဘယ်လိုအတိတ်ဆိုးတွေကြောင့်
စန်တာကိုမုန်းနေရတာလဲ ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ရှုစားလိုက်ကြပါဦးနော်
ကြည့်ရှုလိုပါက နှိပ်ပါ