The Devil All the Time

Genre: Crime, Drama, Thriller
Downloads 20331K Views

Tom Holland ရဲ့ 16 ရက်နေကမှ ထွက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်နဲ့ မြို့လေးနှစ်မြို့မှာ ဒီလူတွေက သူ့ဟာနဲ့သူ အချိတ်အဆက်တွေဖြစ်လာပြီးတော့ ရှုပ်ကုန်တဲ့ဇာတ်လမ်းပါ။ အဓိကကတော့ Tom သရုပ်ဆောင်ထားတဲ့ Arvin ရဲ့ ငယ်ဘဝအကြောင်းဆိုရင် ပိုမှန်ပါတယ်။ ဇာတ်လမ်းကို အစတည်ထားတာကတော့ Arvin ရဲ့အဖေ Willard တစ်ယောက် Arvin အမေ Charlotte နဲ့ စတွေ့တဲ့ 1950 ဝန်းကျင်မှာ ဇာတ်အိမ်ကို တည်ထားပါတယ်။ ဇာတ်အိမ်ကတော့ ပြောလိုက်ရင် အကုန်ပေါ်သွားနိုင်လို့ ဒီလောက်နဲ့ပဲရပ်ထားလိုက်မယ်။

ဘာအကြောင်းတွေပါလဲဆိုတော့ အဓိကကတော့ သွေးထွက်သံယိုပေါ့ အဲ့ဒီနောက်မှာပါလာတာက ဘာသာရေးအမြတ်ထုတ်မှု ဘာသာရေးကို အလွန်အကြူးယုံကြည်မှုပေါ့။ လူတိုင်းတော့ ဒီအချက်တွေကို ကြိုက်ချင်မှ ကြိုက်လိမ့်မယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းကနေပေးချင်တာလေးတွေက တကယ်ကောင်းပါတယ်။

အကောင်းတွေကြီးပဲရွေးထားသလားအောင့်မေ့ရတယ် သရုပ်ဆောင်တဲ့သူတွေကလဲ တကယ်ကောင်းကြတယ်။ ကျွန်တော့်အမြင်အရဆိုရင်တော့ Arvin ရဲ့အဖေ Willard နေရာမှာ သရုပ်ဆောင်တဲ့ Bill Skarsgard ကိုတော့ သဘောအကျမိဆုံးပါပဲ။ အဲ့ဒီနောက်မှာ သဘောကျမိတာကတော့ Roy ဆိုတဲ့ ကာရိုက်တာနေရာမှာ သရုပ်ဆောင်တဲ့ Harry Melling ကိုပါ။ ဘာလို့ကြိုက်လဲဆိုရင်တော့ ဇာတ်ကားလေးကိုကြည့်လိုက်ရင် သိမှာပါ။

IMDb မှာလဲ လက်ရှိမှာ 7.6 အထိရထားတဲ့အတွက် တကယ်လဲကောင်းပါတယ်။ ပရိသတ်အချစ်တော် Robert Pattinson လဲပါသေးတယ်နော်။ Tom ရဲ့ ပရိသတ်တွေလဲဇာတ်ကားအသစ်လေးကို အားပေးကြပါဦး။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။
Load Facebook SDK for JavaScript end -->