Genre: | Action, Drama, History, War |
---|---|
Downloads | 8328K Views |
The Eight Hundred (2020)
============================
ဖြစ်ရပ်မှန်ကို ပြန်လည်ပြီး ပုံဖော်ရိုက်ကူးထားတဲ့ တရုတ်ကားကောင်းလေး တစ်ကားနဲ့ ပရိတ်သတ်တို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၃၂ ခုနှစ် တရုတ်ပြည်ရဲ့ရှန်ဟိုင်းမြို့ကို ဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန် ပင်မတပ်ကြီးပြန်ဆုတ်သွားပေမယ့် ကျန်ရှိနေတဲ့တပ်သား ၈၀၀ရဲ့ လက်နက်အင်အားမမျှတဲ့ကြားက အရှုံးမပေးပဲအသက်စွန့်ပြီး ၄ရက်ကြာတိုက်ခိုက်ခဲ့တာကိုဂုဏ်ပြုရိုက်ကူးထားတာပါ။
ရှန်ဟိုင်းကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန် ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့ဂိုထောင်မှာ အမှတ်၈၈ခေါင်းဆောင်ဦးဆောင်တဲ့ တပ်သား၈၀၀အဖွဲ့ဟာ တပ်မဆုတ်ပဲ စောင့်ကြပ်ကာကွယ်နေခဲ့ပါတယ်။ တိုင်းပြည်ဂျပန်တွေလက်ထဲမရောက်ရဖို့အရေး လက်နက်အင်အားမမျှပေမယ့် အသက်စွန့်တိုက်ခိုက်မှုကြောင့် ဂျပန်တွေက အင်အားသုံးတိုက်ခိုက်ပေမယ့် ၄ရက်ကြာ မသိမ်းပိုက်နိုင်ဖြစ်ရပါတယ်။ ဂိုထောင်ရဲ့မြစ်တစ်ဖက်ကမ်းမှာ အဂ်လိပ်တွေကာကွယ်ပေးထားတဲ့ နယ်မြေသစ်မှာပြည်သူတွေ ၄သိန်းကျော်ရှိနေတာပါ။
တရုတ်တပ်သားတွေအသေခံတိုက်ခိုက်နေတာကိုမြစ်တစ်ဖက်ကမ်းကပြည်သူတွေရင်နင့်စွာမြင်နေရရင်း ဂျပန်ကိုတော်လှန်လိုစိတ်တွေတက်ကြွလာခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်မြေသစ်ရဲ့တံတားကိုဖြတ်တာနဲ့ ဂျပန်တွေပစ်သတ်တာခံရမယ့်အတွက် ထိုင်ကြည့်နေရုံက လွဲပြီးဘာမှမတက်နိုင်ခဲ့ပါဘူး။ တကယ်ကောင်းတဲ့ ဇာတ်ကားမလို့ ပရိတ်သတ်တို့လက်လွတ်မခံဖို့ အကြံပေးလိုက်ပါတယ်။