Genre: | Horror, Science Fiction, Thriller |
---|---|
Downloads | 22402K Views |
The Honeymoon Phase (2019)
ဒီတစ်ခေါက်ကားလေးကတော့ ချစ်သူတိုင်းကျော်ဖြတ်ကြရတဲ့ honeymoon phase ကာလအပိုင်းအခြားလေးကို ရိုက်ကူးပုံဖော်ထားတဲ့ science-fiction, thriller အမျိုးအစား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းလေးမှာဆိုရင် ချစ်သူနှစ်ဦးဟာ သူတို့လိုချင်တဲ့ ဘဝမျိုးစတင်နိုင်ဖို့အတွက် $50000တန်တဲ့ လေ့လာစမ်းချက်တစ်ခုမှာ ပါဝင်ဖို့ဖြစ်လာခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့ထင်ထားသလို စမ်းသပ်ချက်ဟာ တကယ်ပဲ ရိုးရှင်းလွယ်ကူပါ့မလား? နောက်ကွယ်မှာ အကြောင်းပြချက် တစုံတရာရှိနေမှာလား? တကယ်လို့ တစ်ခုခု မှားယွင်းနေခဲ့ရင် သူတို့ လွတ်မြောက်နိုင်ပါ့မလား? ဆိုတာခန့်မှန်းကြည့်ရှုရမယ့်ကားမျိုးဖြစ်ပါတယ်
ကိုယ်တွေ နိုင်ငံမှာကျတော့ လက်ထပ်ပြီးမှ အကြောင်းတွေ သိလာကြရတဲ့ ထုံးစံပေမယ့် သူတို့နိုင်ငံမှာကြတော့ အတူတူနေကြည့်ပြီးမှ လက်ထပ်မလား လမ်းခွဲမလား ပြန်စဉ်းစားကြတာမျိုးပါ၊
အတူတူနေကြည့်ရင်းမှ သူ့အကြောင်းကိုယ့်အကြောင်း ပိုသိကြရပါတယ်၊ ဒါကြောင့်လည်း ဒီကားလေးထဲမှာဆိုရင် ချစ်သူစုံတွဲတွေ honeymoon phase ကာလအတွင်း ကြုံတွေ့နိုင်တဲ့ပုံစံလေးတွေကို Romance အနေနဲ့မဟုတ်ပဲ sci-fi, thriller ပုံစံ ထူးထူးခြားခြားလေး ရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ဇာတ်ကားလေးအဖြစ် တင်ဆက်ပေးလိုက်ပါတယ်နော်