The House of Us(2019)

Genre: Drama, Family
Downloads 3992K Views

The House of Us(2019)အညွှန်း

**************************

IMDb…7.3

ကလေးဘဝဆိုတာ လောကကြီးရဲ့ အသစ်အဆန်းတွေကို စတင်သင်ယူချိန်မှာ

မိဘဟာအရေးကြီးဆုံးပါပဲ…ဒီလိုအခြေအနေမျိုးမှာ တစ်ခုရှိတာက အဆင်မပြေမှုလေးတွေကြုံတိုင်း

 

ကလေးဘဝရဲ့ ဒုတိယအခင်တွယ်ဆုံးဟာ သူငယ်ချင်းလေးတွေပါပဲ…

မိဘတွေရဲ့ ကွာရှင်းဖို့အထိဖြစ်လာတာမျိုးတွေ  ဒီပတ်ဝန်းကျင်မှာ နေသားကျတုန်း ခဏ ခဏ အိမ်ပြောင်းရဖို့

ြဖစ်လာတာမျိုးကြုံရတဲ့ကလေးတွေအဖို့အနာကျင်ရဆုံးပါပဲ..

ဒီကားလေးထဲမှာ အဲ့လိုအဖြစ်မျိုးကြုံကြတဲ့ ကလေးလေး (၃)ယောက်ရှိတယ်..တစ်ယောက်က

အဖေနဲ့အမေအိမ်ထောင်ကွဲဖို့ဖြစ်လာတဲ့ကောင်မလေး..ကျန်(၂)ယောက်က မိဘတွေက နယ်မှာအလုပ်လုပ်ပြီး

အလုပ်ရှိရာမြို့ကိုခဏ ခဏပြောင်းနေရတဲ့မိသားစု ကလေးလေး ၂ယောက်ပါ.. သူတို့(၃)ယောက်ဟာ ခံစားချက်ချင်းလည်းတူကြတော့

အရမ်းခင်ကြတယ်…အိမ်ရဲ့ဆိုးယုတ်မှုတွေဟာ အချင်းချင်းဆုံလိုက်တိုင်း စကားတွေပြောရင်း ကလေးဘဝထင်ရာလုပ်ရင်း

ပျော်ရွှင်ကြရတယ်…

နောက်တို့ သူတို့ကလေး(၃)ယောက်ဟာတိုင်ပင်ကြတယ်..သူတို့တတ်စွမ်းတဲ့ ဉာဏ်ကလေးကိုသုံးပြီး

မိဘတွေမကွာရှင်းရအောင်ရယ် အိမ်ခဏ ခဏပြောင်းရတဲ့အဖြစ်မျိုး နောက်မကြုံရအောင်ရယ်ကို

ကာကွယ်ဖို့ကြိုးစားကြပါတော့တယ်…

ဒီကားလေးဟာ ကလေး(၃)ယောက်ကို အဓိကထားရိုက်ကူးပြီး သူတို့တွေရဲ့ဖြစ်စဉ်နဲ့ ကျွန်တော်တို့ကလေးဘဝက

အဖြစ်မျိုးမတူခဲ့ရင်တောင် အလားတူခံစားချက်မျိုးတွေရှိခဲ့တာကြောင့် တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်..

ရယ်လည်းရယ်ရသလို ဝမ်းနည်းသနားစရာလည်းကောင်းလှတာမို့ ခံစားကြည့်ကြပါဉီး…

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။
Load Facebook SDK for JavaScript end -->